back

ညောင်ရွှေ၌ ကျောင်းဆုပေးပွဲအတွက် တစ်အိမ်လျင် ကျပ် ၃သောင်းခွဲမှ ၄သောင်းခွဲအထိ ကောက်ခံ၍ ရွာခံများအခက်တွေ့

Nov 30 • 2:16 AM

breaking-news

မြန်မာ

ရှမ်း

cover

ညောင်ရွှေ၌ ကျောင်းဆုပေးပွဲအတွက် တစ်အိမ်လျင် ကျပ် ၃သောင်းခွဲမှ ၄သောင်းခွဲအထိ ကောက်ခံ၍ ရွာခံများအခက်တွေ့

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ ကျောက်ရေအိုး - အမက ကျောင်းဆုပေးပွဲအတွက် ဟုဆိုကာ ကျောင်းအုပ်ကြီးနှင့် ကျောင်းကော်မတီများက ငွေကောက်ခံနေခြင်းကြောင့် ရွာခံ...

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ ကျောက်ရေအိုး - အမက ကျောင်းဆုပေးပွဲအတွက် ဟုဆိုကာ ကျောင်းအုပ်ကြီးနှင့် ကျောင်းကော်မတီများက ငွေကောက်ခံနေခြင်းကြောင့် ရွာခံများ အခက်အခဲ ဖြစ်နေကြကြောင်း ဒေသခံများက ပြောသည်။‌ယင်းငွေကောက်ခံမှုကို နိုဝင်ဘာ ဒုတိယပတ်တွင် စတင်ခဲ့ပြီး ဆုပေးပွဲမတိုင်မီ ဒီဇင်ဘာ ၁၀ ရက်တွင် နောက်ဆုံးထား ထည့်ရန်လည်း ပြောထားကာ ကျောင်းသားရှိအိမ်ကို ၄၅,၀၀၀ ကျပ်နှင့် မရှိသည့်အိမ်ကို ၃၅,၀၀၀ ကျပ်ဖြင့် ကောက်ခံနေကြောင်း ၎င်းတို့က ပြောသည်။"ကလေးတွေ ပညာရေးကို အားမပေးတာတော့ မဟုတ်ပါဘူး။ အဆင်မပြေတဲ့ ကာလမှာဆိုတော့ ပွဲကိုခမ်းခမ်းနားနား မဟုတ်ဘဲ တင့်တယ်ဆိုရုံလေးပဲ လုပ်စေချင်ပါတယ်"ဟု ဒေသခံတစ်ဦးက ပြောသည်။

news-view-count-icon

20