back

ထိုင်းတောင်ပိုင်း၊Hat Yai မှာ ကယ်ဆယ်ရေးသမားတွေ လုယက်ခံရ

Nov 30 • 2:08 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းတောင်ပိုင်း၊Hat Yai မှာ ကယ်ဆယ်ရေးသမားတွေ လုယက်ခံရ

ထိုင်းနိုင်ငံတောင်ပိုင်း Hat Yai မြို့မှာ ရေဘေးကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေစဉ် District 8 အတွင်း ကယ်ဆယ်ရေးလုပ်သားတွေ ဝိုင်းရံပိတ်ဆို့ခံရပြီး ‌‌ သေနတ်နဲ့ချိန...

ထိုင်းနိုင်ငံတောင်ပိုင်း Hat Yai မြို့မှာ ရေဘေးကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေစဉ် District 8 အတွင်း ကယ်ဆယ်ရေးလုပ်သားတွေ ဝိုင်းရံပိတ်ဆို့ခံရပြီး ‌‌ သေနတ်နဲ့ချိန်ကာ ဓားပြတိုက်ခံခဲ့ရတယ်ဆိုတဲ့ ဗီဒီယိုတစ်ခု နိုဝင်ဘာလ ၂၉ ရက်နေ့က ထွက်ပေါ်လာပါတယ်။Army Military Force Facebook စာမျက်နှာက ဒီဗီဒီယိုကို မျှဝေခဲ့တာဖြစ်ပြီး အဲဒီထဲမှာ Samut Sakhon က ကယ်ဆယ်ရေးသမားတွေက အရင်ကတည်းက ကယ်ဆယ်ရေးအဖွဲ့တွေအပေါ် အကြမ်းဖက်မှုတွေရှိတယ်လို့ နာမည်ကြီးတဲ့ District 8၊ Saphan Dum ဧရိယာအနီးမှာ လက်နက်ကိုင်ဆောင်ထားသူတွေရဲ့ ခြိမ်းခြောက်ခြင်းခံခဲ့ရပုံကို အသေးစိတ် ပြောပြထားပါတယ်။နိုဝင်ဘာလ ၂၉ ရက်နေ့မှာလည်း District 8 အတွင်းရှိ Hat Yai ဘူတာရုံမှာ ရပ်ထားတဲ့ ကုန်တင်ရထားတွဲကို ဖောက်ထွင်းပြီး ဘီယာအမြောက်အမြား ခိုးယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမျိုးသား ၆ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

news-view-count-icon

24