ချင်းမိုင်ရဲ့ Fang ခရိုင်ရှိ Doi Ang Khang မှာ ဒီနှစ်ဆောင်းရာသီရဲ့ ပထမဆုံးအကြိမ် ရေခဲစက်တွေ ကျဆင်းခဲ့ပါတယ်။ Royal Agricultural Station Ang Khang မှာ ဒီနေ့ နိုဝင်ဘာလ ၂၉ ရက် မနက်ပိုင်းက အပူချိန် ၂.၁ ဒီဂရီစင်တီဂရိတ်အထိ ကျဆင်းခဲ့ပြီး မြေပြင်အပူချိန်ကတော့ အနုတ် ၃ ဒီဂရီစင်တီဂရိတ်အထိ ရှိခဲ့တာကြောင့် နေရာတော်တော်များများမှာ ရေခဲထုတွေ ဖုံးလွှမ်းသွားခဲ့ပါတယ်။ချင်းမိုင် ခရိုင်တစ်ခွင်မှာ ရက်သတ္တပတ်လုံး အေးခဲနေပေမယ့် ခရီးသွားတွေကတော့ အေးတဲ့အရသာကို ခံစားဖို့ ဒွယ်အင်သနွန် လို နေရာမျိုးတွေကို လာရောက်လည်ပတ်သူ များပြားနေပါတယ်။ ဒွယ်အင်သနွန် မှာဆိုရင် ၆ ရက်ဆက်တိုက် ရေခဲစက်တွေကျဆင်းခဲ့တယ်လို့ ဒုတိယမြို့တော်ဝန်က ပြောပါတယ်။
| 20 | 0 | 0 | 0 |


