back

ထိုင်းဘုရင်မင်းမြတ်က တောင်ပိုင်း ရေဘေးသင့်သူတွေအတွက် ထောက်ပံ့ရေး အိတ် ၁၀,၀၀၀ ကို ကိုယ်တိုင်ကိုယ်ကျ ပြင်ဆင်ပေး

Nov 30 • 1:59 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းဘုရင်မင်းမြတ်က တောင်ပိုင်း ရေဘေးသင့်သူတွေအတွက် ထောက်ပံ့ရေး အိတ် ၁၀,၀၀၀ ကို ကိုယ်တိုင်ကိုယ်ကျ ပြင်ဆင်ပေး

ထိုင်းရဲ့တောင်ပိုင်းဒေသ ရေကြီးရေလျှံမှုဒဏ် ခံစားနေရတဲ့ ပြည်သူတွေဆီ ဖြန့်ဝေပေးမယ့် ကယ်ဆယ်ရေးအိတ် ၁၀,၀၀၀ ကို ဘုရင်မင်းမြတ် Maha Vajiralongkorn ကိုယ်တိုင် ပြင်ဆင်ထ...

ထိုင်းရဲ့တောင်ပိုင်းဒေသ ရေကြီးရေလျှံမှုဒဏ် ခံစားနေရတဲ့ ပြည်သူတွေဆီ ဖြန့်ဝေပေးမယ့် ကယ်ဆယ်ရေးအိတ် ၁၀,၀၀၀ ကို ဘုရင်မင်းမြတ် Maha Vajiralongkorn ကိုယ်တိုင် ပြင်ဆင်ထုပ်ပိုးနေတဲ့ ဓာတ်ပုံတစ်ပုံကို "Thammanawa Wang - Royal Ship of Dhamma" Facebook စာမျက်နှာက နိုဝင်ဘာ ၂၉ ရက်မှာ ဖော်ပြခဲ့ပါတယ်။ တချိန်တည်းမှာပဲ HRH Princess Sirivannavari Nariratana Rajakanya ကလည်း Flotilla Unit Task Force 642 အရာရှိတွေ၊ SIRIVANNAVARI brand အဖွဲ့သားတွေ နဲ့ တော်ဝင်အိမ်တော်ဝန်ထမ်းတွေနဲ့အတူ ရေဘေးသင့်ပြည်သူတွေအတွက် တော်ဝင်အသက်ကယ်အိတ်တွေကို ထုပ်ပိုးပေးခဲ့ပါတယ်။ရေဘေးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့တဲ့ Songkhla ခရိုင်၊ Hat Yai ခရိုင်ခွဲက Hat Yai ဆေးရုံပြန်လည်ထူထောင်ရေးနဲ့ ပျက်စီးသွားတဲ့ ဆေးဘက်ဆိုင်ရာ စက်ကိရိယာတွေ ဝယ်ယူဖြည့်တင်းနိုင်ဖို့အတွက် ဘတ်သန်း ၁၀၀ ကိုလည်း ဘုရင်မင်းမြတ်က ပေးအပ်လှူဒါန်းခဲ့ပါတယ်။


news-view-count-icon

22