back

ပြည်တွင်း၌ပေါ်ဆန်းစပါးကို ညအချိန် အလင်းရောင်ပေးခြင်း နည်းပညာဖြင့် စိုက်ပျိုးနိုင်ရန် စမ်းသပ်သုတေသနပြု

Nov 30 • 1:50 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ပြည်တွင်း၌ပေါ်ဆန်းစပါးကို ညအချိန် အလင်းရောင်ပေးခြင်း နည်းပညာဖြင့် စိုက်ပျိုးနိုင်ရန် စမ်းသပ်သုတေသနပြု

နေပြည်တော်တွင်နိုဝင်ဘာ ၂၉ရက်၌စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးသုတေသနဦးစီးဌာန စပါးသီးနှံသုတေသနဌာနခွဲ၊ စပါးသုတေသနဗဟိုဌာနစိုက်ကွင်း၌...

နေပြည်တော်တွင်နိုဝင်ဘာ ၂၉ရက်၌စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးသုတေသနဦးစီးဌာန စပါးသီးနှံသုတေသနဌာနခွဲ၊ စပါးသုတေသနဗဟိုဌာနစိုက်ကွင်း၌ ရာသီပေါ်ဆန်းစပါးပျိုးခင်း အသက်ခုနစ်ရက်သားမှ ၂၅ ရက်သားအတွင်း ညအချိန်အလင်းရောင်ပေးခြင်း(Night-Break) နည်းပညာဖြင့် နောက်ကျစိုက်ပျိုးနိုင်ရန် စမ်းသပ်သုတေသနပြုဆောင်ရွက်နေကြောင်း သိရသည်။အဆိုပါ နည်းပညာအရ ည ၁၁ နာရီခွဲမှ ၁၂ နာရီခွဲအထိ LED-100 watt အားအသုံးပြု၍ ညအချိန် အလင်းရောင်ပေးခြင်းသည် ပေါ်ဆန်းစပါးကို ရာသီချိန်ကျော်၍ စိုက်ပျိုးနိုင်ခြင်း၊ အထွက်နှုန်းတိုးခြင်းနှင့် အရည်အသွေးကောင်းမွန်ခြင်း စသည့် အကျိုးကျေးဇူးများကို မျှော်မှန်းကာ ဆောင်ရွက်ထားရှိခြင်းဖြစ်ပါတယ်။

အဆိုပါ သုတေသစိုက်ကွင်းအား နိုဝင်ဘာ ၂၉ ရက်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက ဤသုတေသနသည် ရာသီပေါ်ဆန်းစပါးကို ရေကျနောက်စိုက်စိုက်ပျိုးသည့်ဒေသများတွင် လွန်စွာအသုံးဝင်မည့် စမ်းသပ်ချက်ဖြစ်ကြောင်း၊ ယခုနည်းပညာကို ဆောင်းရာသီနေ့တာတိုကာလတွင် ပန်းပွင့်ခြင်းအား နှောင့်နှေးအောင်ပြုလုပ်နိုင်မည့်အတွက် ပေါ်ဆန်းစပါးကို သာမန်စိုက်ပျိုးချိန်ထက် နောက်ကျစိုက်ပျိုး နိုင်မည်ဖြစ်ပါကြောင်း၊ စပါးပင်၏ ပင်ပိုင်းကြီးထွားမှုဘဝ (Vegetative Phase)ကို ပိုရှည်စေသည့်အတွက် ပင်ပိုင်းကြီးထွားမှု ပိုကောင်းလာပြီး သာမန်စိုက်ပျိုးချိန်ကဲ့သို့ပင် သီးပွင့်၍ အထွက်တိုးစိုက်စနစ် ကျင့်သုံးစိုက်ပျိုးနိုင်ခြင်းကြောင့် အထွက်နှုန်းမြင့်တက်လာမည်ဖြစ်ကာ ရနံ့အရည်အသွေး (2AP)ကိုလည်း ကောင်းစွာထိန်းသိမ်းနိုင်မည်ဖြစ်၍ သုတေသီများအနေဖြင့် အလေးထားစောင့်ကြည့်ဆောင်ရွက်ကြရန်နှင့် တွေ့ရှိချက်ခိုင်မာစေရန် အကြိမ်များများစမ်းသပ်ရန် တိုက်တွန်းမှာကြားထားပါတယ်။

နိုဝင်ဘာ၂၉ရက်နေ့ကျင်းပသည့် (၉၂)ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲသို့ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဇေယျာသီရိ၊ ဒက္ခိဏသီရိ၊ ဥတ္တရသီရိ၊ ပုဗ္ဗသီရိ၊ ပျဉ်းမနား၊ တပ်ကုန်းနှင့် လယ်ဝေးမြို့နယ်များမှ တောင်သူများ၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်နှင့် စိုက်ပျိုးရေးသိပ္ပံ (ပျဉ်းမနား)မှ ဆရာ ဆရာမများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပညာပေးဝန်ထမ်းများနှင့် တောင်သူ ၃၀၀ တို့က အွန်လိုင်း zoom point ၁၀၀ မှ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။




news-view-count-icon

39