back

တညင်းကုန်းဈေးအတွင်း ဆိုင်ခန်းမီးလေ-ာင်မှုဖြစ်စဉ်တွင် အာမခံလျော်‌ကြေးငွေရရှိရန် အာမခံကုမ္ပဏီနှင့် ညှိနှိုင်းနေ

Nov 29 • 5:04 PM

breaking-news

မြန်မာ

ရန်ကုန်

cover

တညင်းကုန်းဈေးအတွင်း ဆိုင်ခန်းမီးလေ-ာင်မှုဖြစ်စဉ်တွင် အာမခံလျော်‌ကြေးငွေရရှိရန် အာမခံကုမ္ပဏီနှင့် ညှိနှိုင်းနေ

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့ညတွင် မြန်မာအက်ဂရိုအိတ်(စ်)ချိန်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ တညင်းကုန်းလက်ကားဈေးကြီးအတွင်း မီးလေ-ာင်မှုဖြစ်ပွားခဲ့သည်။...

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့ညတွင် မြန်မာအက်ဂရိုအိတ်(စ်)ချိန်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ တညင်းကုန်းလက်ကားဈေးကြီးအတွင်း မီးလေ-ာင်မှုဖြစ်ပွားခဲ့သည်။ဈေးရုံအမှတ် (၃) (ကုန်မျိုးစုံကုန်ခြောက်နှင့်စားဖိုဆောင်သုံးဝလံပစ္စည်းများရောင်းဝယ်သည့်ဈေးရုံ ) မီးလေ-ာင်ခဲ့ခြင်းဖြစ်ပြီး ဆိုင်ခန်း (၇) ခန်း ပျ-က်ဆီးခဲ့ကြောင်း သိရသည်။တညင်းကုန်းဈေးအတွင်းရှိ မီးလေ-ာင်ကျွမ်းခဲ့သောဈေးရုံ (၃) အပါအဝင် ဈေးရုံများအားလုံးကို မီးအာမခံထားရှိပြီးဖြစ်သဖြင့် အာမခံပေးလျော်ငွေရရှိရန်အတွက်လည်း အာမခံကုမ္ပဏီနှင့် ဆက်လက်ညှိနှိုင်းသွားမည် ဖြစ်သည်။မီးလေ-ာင်ကျွမ်းမှုကြောင့်ပျ-က်ဆီးဆုံးရှုံးသော အသေးစိတ်စာရင်းနှင့် အာမခံပေးလျော်ငွေရရှိမှုပမာဏများကိုသိရှိပါက ထပ်မံအသိပေးကြေညာသွားမည်ဖြစ်သည်။



news-view-count-icon

17