back

ပုလော၊ ဆင်ထိုးကြီးရွာက တက္ကသိုလ်ကျောင်းသူတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာအပြင်းအထန်ရ

Nov 29 • 5:03 PM

breaking-news

မြန်မာ

တနင်္သာရီ

cover

ပုလော၊ ဆင်ထိုးကြီးရွာက တက္ကသိုလ်ကျောင်းသူတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာအပြင်းအထန်ရ

ပုလောမြို့နယ်၊ ပလောက်မြို့အနီး ဆင်ထိုးကြီးရွာတွင် တက္ကသိုလ်ကျောင်းသူတစ်ဦး ယနေ့ နိုဝင်ဘာလ ၂၉ ရက် နံနက် ၁၀ နာရီခွဲဝန်းကျင်တွင် မြေမြှုပ်မိုင်းနင်းမိပြီး ညာဘက်ခြေ ...

ပုလောမြို့နယ်၊ ပလောက်မြို့အနီး ဆင်ထိုးကြီးရွာတွင် တက္ကသိုလ်ကျောင်းသူတစ်ဦး ယနေ့ နိုဝင်ဘာလ ၂၉ ရက် နံနက် ၁၀ နာရီခွဲဝန်းကျင်တွင် မြေမြှုပ်မိုင်းနင်းမိပြီး ညာဘက်ခြေ ဒဏ်ရာ ပြင်းထန်ကြောင်း ဒေသခံအချို့က ပြောသည်။

အသက် ၂၀ အရွယ် အဆိုပါတက္ကသိုလ်ကျောင်းသူသည် မြိတ်တက္ကသိုလ်တွင် တက်ရောက် ပညာသင်ယူနေခြင်းဖြစ်ပြီး ကျောင်းပိတ်၍ ရွာသို့ပြန်လာကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ဖခင်ဖြစ်သူနှင့်အတူ သွားလာရာ ဘုန်းကြီးကျောင်းဝင်းထဲ သံပရာသီး ဝင်ကောက်ရာမှ မိုင်းနင်းမိခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။




news-view-count-icon

18