back

ဘန်ကောက်နဲ့ ထိုင်းတောင်ပိုင်း ရထားခရီးစဉ်တချို့ ပြန်လည် ပြေးဆွဲပြီ

Nov 29 • 1:38 PM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ဘန်ကောက်နဲ့ ထိုင်းတောင်ပိုင်း ရထားခရီးစဉ်တချို့ ပြန်လည် ပြေးဆွဲပြီ

နေရာတချို့မှာ ရေပြန်ကျသွားပြီဖြစ်တဲ့အတွက် ထိုင်းမီးရထားဌာန (SRT) က တောင်ပိုင်းခရိုင်တွေကို ပြေးဆွဲပေးနေတဲ့ ရထားလိုင်း ၄ ခုကို ပြန်လည်ပြေးဆွဲပေးနေပြီဖြစ်ပြီး ရေဘ...

နေရာတချို့မှာ ရေပြန်ကျသွားပြီဖြစ်တဲ့အတွက် ထိုင်းမီးရထားဌာန (SRT) က တောင်ပိုင်းခရိုင်တွေကို ပြေးဆွဲပေးနေတဲ့ ရထားလိုင်း ၄ ခုကို ပြန်လည်ပြေးဆွဲပေးနေပြီဖြစ်ပြီး ရေဘေးဒဏ် အဆိုးရွားဆုံး ခံစားခဲ့ရတဲ့ Songkhla ခရိုင်၊ Hat Yai ခရိုင်ခွဲကို သွားတဲ့ ပျက်စီးနေတဲ့ ရထားလမ်းပိုင်းတွေကို ပြုပြင်ဖို့လည်း လုပ်ဆောင်နေပါတယ်။ နိုဝင်ဘာလ ၂၇ ရက်နေ့ကတည်းက ရေတွေ တဖြည်းဖြည်း ပြန်ကျသွားတဲ့အတွက် အင်ဂျင်နီယာဝန်ထမ်းတွေက ရထားလမ်းအခြေအနေကို စစ်ဆေးတာ၊ မြေပြိုလို့ ပျက်စီးသွားတာတွေကို ပြုပြင်တာနဲ့ လမ်းပိုင်းတချို့ ဘေးကင်းလုံခြုံမှုရှိစေဖို့ ဆောင်ရွက်တာတွေကို လုပ်ဆောင်နိုင်ခဲ့ပါသည်။



news-view-count-icon

10