နှစ်ဖက်တိုက်ပွဲတွေကြောင့် ရက် ၂၀ ကြာ ပိတ်ထားတဲ့ တနင်္သာရီတိုင်း သရက်ချောင်းနဲ့ပလောက်မြို့အကြားရှိ မြိတ် - ထားဝယ်လမ်းပိုင်းကို ပြန်ဖွင့်ပေးလိုက်ပြီလို့ ထုတ်ပြန်ပါတယ်။ဒါပေမယ့် လက်ရှိမှာ အခြေအနေ ပြန်လည်ငြိမ်သက်လာတာကြောင့် အများပြည်သူတွေ သွားလာနိုင်ရေးအတွက် နိုဝင်ဘာ ၂၈ ရက်နေ့ကစလို့ မြိတ်- ထားဝယ်လမ်းပိုင်း ပြန်ဖွင့်ပေးလိုက်ပြီဖြစ်ကာ
မြိတ်- ထားဝယ်လမ်းပိုင်း ပြန်ဖွင့်ပေးလိုက်တဲ့အတွက် နိုဝင်ဘာ ၂၈ ရက်နေ့ မနက် ၈ နာရီကစပြီး ကုန်တင်ကားတွေနဲ့ ခရီးသွားကားတွေ ပြန်လည်သွားလာနေကြပြီလို့ ကုန်တင်ကား မောင်းသူ တစ်ဦးက ဆိုပါတယ်။မြိတ်-ထားဝယ်လမ်းပိုင်း ရက် ၂၀ ကြာ ပိတ်ထားတဲ့အတွက် ကုန်တင်ကားတွေနဲ့ ခရီးသွားကား ၁၀၀၀ ကျော်ဟာ သရက်ချောင်းမြို့နယ် ပြင်းဖြူကြီး၊ မင်းဒပ်၊ ရငဲ၊ ဘုတ်တောင်၊ ပဲဒက်နဲ့ ဆင်ထိုးကြီးကျေးရွာတို့မှာ ပိတ်မိခဲ့ပါတယ်။ကားလမ်းပိတ်ထားတဲ့အတွက် ဟင်းသီးဟင်းရွက်၊သားငါးကုန်တင်ယာဉ်တွေအပါအဝင် ပုတ်သိုးကုန်တွေ တင်လာတဲ့ကားတွေက ကုန်ပစ္စည်းတွေ ပျက်စီးသွားတာကြောင့် အရှုံးနဲ့ရင်ဆိုင်ခဲ့တယ်လို့ လုပ်ငန်းရှင်တွေက ပြောကြပါတယ်။



