back

ပြည်တွင်း၌ ပြင်ဆင်စရိတ်မြင့်မား၍ အပိုပစ္စည်းရှားပါးမှုကြောင့် ကားစျေးကွက်အတွင်း EV ဝယ်လက်နည်းလာ

Nov 29 • 5:59 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ပြည်တွင်း၌ ပြင်ဆင်စရိတ်မြင့်မား၍ အပိုပစ္စည်းရှားပါးမှုကြောင့် ကားစျေးကွက်အတွင်း EV ဝယ်လက်နည်းလာ

ကားအရောင်းအဝယ်စျေးကွက်အတွင်းတွင် ဆီကားများနှင့်အပြိုင် EV ကားများမှာ လက်လွှဲရောင်းချနေမှုများရှိသော်လည်း ပြင်ဆင်စရိတ်မြင့်မား၍ အပိုပစ္စည်းရှားပါးမှုတို့ကြောင့် ...

ကားအရောင်းအဝယ်စျေးကွက်အတွင်းတွင် ဆီကားများနှင့်အပြိုင် EV ကားများမှာ လက်လွှဲရောင်းချနေမှုများရှိသော်လည်း ပြင်ဆင်စရိတ်မြင့်မား၍ အပိုပစ္စည်းရှားပါးမှုတို့ကြောင့် ဝယ်လက်ရှားလာသော အခြေအနေမျိုးဖြစ်လာကြောင်း သီရိမင်္ဂလာ ယာဉ်ရောင်းဝယ်ရေးစခန်းရှိ ဝယ်ရောင်းများထံမှ သိရသည်။အဆိုပါ စျေးကွက်အတွင်း ဝင်ရောက်ရောင်းချလာသော EV ကားများတွင် တစ်လက်ကိုင်နှင့် ကုမ္ပဏီအမည်ပေါက်ကားများအများဆုံးပါဝင်နေပြီး ကျပ်သိန်း ၇၀၀ မှ ၁၀၀၀ ကြားဖြင့် ရောင်းချနေကြခြင်းလည်း ဖြစ်သည်။EV ကားများတွင် ကားအမျိုးအစားနှင့်မော်ဒယ်အသစ်များ ဆက်တိုက်ဝင်ရောက်နေခြင်းကြောင့် ကနဦး ဝယ်ယူထားသူများမှာ မော်ဒယ်အသစ်များသုံးစွဲရန် လတ်တလောသုံးစွဲနေသောကားများကို ပြန်ရောင်းထုတ်လာကြခြင်းလည်းဖြစ်သည်။အရောင်းအဝယ် လုံး၀မဖြစ်ဘူးရယ်လို့တော့မဟုတ်ဘူး၊ အရောင်းအဝယ်ဖြစ်တာမျိုးရှိပေမယ့် ဆီကားနဲ့ယှဉ်ရင်တော့ တော်တော်လေးကို နည်းနေသေးတယ်”ဟု ဝယ်ရောင်းတစ်ဦးက ပြောသည်။ကားစျေးကွက်အတွင်း ခြုံကြည့်မည်ဆိုပါက ပြန်ထုတ်ရောင်းမည့်သူများနေပြီး အဝယ်နည်းနေကြောင်း၊ EV များမှာပိုမို၍ ဝယ်လက်ရှားသော အခြေအနေမျိုးဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။လက်ရှိတွင် ရန်ကုန်မြို့အတွင်းတွင် EV Taxi များ ပြေးဆွဲမှုများပြားလာပြီး မြို့နယ်အများစု၌ တွင်ကျယ်စွာ သုံးစွဲလာကြသော်လည်း နယ်မြို့များတွင် လျှပ်စစ်မီးရရှိမှုနည်းပါးခြင်းနှင့် အားသွင်းရုံနည်းပါးခြင်းတို့ကြောင့် နယ်ဝယ်လက်များမှ အဝယ်ဆွဲမှုမရှိသလောက်ဖြစ်နေကြောင်းလည်း သိရသည်။


news-view-count-icon

40