နာတာရှည်ကျောက်ကပ်ရောဂါဟာ တစ်ကမ္ဘာလုံးဆိုင်ရာ အသက်ဆုံးရှုံးစေတဲ့ အကြောင်းအရင်းတွေထဲမှာ ထိပ်ဆုံး ၉ နေရာကနေ ရပ်တည်နေပါတယ်။ သုတေသနအသစ်အရ လက်ရှိမှာ လူတွေရဲ့ ကျောက်ကပ်လုပ်ဆောင်ချက် ကျဆင်းနေတယ်လို့ ခန့်မှန်းထားပါတယ်။ NYU Langone Health ၊ ဂလက်စ်ဂိုတက္ကသိုလ်၊ ဝါရှင်တန်တက္ကသိုလ်တို့မှ သုတေသီများက တစ်ကမ္ဘာလုံးဆိုင်ရာ ကျောက်ကပ်ရောဂါ အဖြစ်များလာရခြင်းကို ဆန်းစစ်ခဲ့ကြပါတယ်။ ၁၉၉၀ မှ ၂၀၂၃ အတွင်း ကျောက်ကပ်ရောဂါဖြစ်ပွားမှုပေါင်း ၃၇၈ သန်းကနေ ၇၈၈ သန်းအထိ မြင့်တက်လာကာ ကမ္ဘာပေါ်မှာ အသေအပျောက်အများဆုံး ထိပ်ဆုံးရောဂါ ၁၀ မျိုးထဲ ပါဝင်လာပါတယ်။ လေ့လာချက်ထဲက လူအများစုက ရောဂါအစောပိုင်းအဆင့်မှာ ရှိနေကြကာ ဆေးဝါးတွေ၊ နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲမှုများဖြင့် အခြေအနေ တိုးတက်နိုင်ပါသေးတယ်။



