အမေရိကန်သမ္မတဟောင်းဂျိုး ဘိုင်ဒန် လက်ထက်မှာ Autopen အလိုအလျောက် လက်မှတ်ထိုးစက်နဲ့ လက်မှတ်ထိုးခဲ့တဲ့ စာရွက်စာတမ်းတွေ အားလုံးကို "အဆုံးသတ်" ဖျ-က်သိမ်းမယ်လို့ သမ္မတထရမ့်က သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။ဘိုင်ဒန် သမ္မတတာဝန်ယူထားချိန်မှာလွတ်ငြိမ်းချမ်းသာခွင့်တွေ၊ အမှုဆောင်အမိန့်တွေ၊ ကြေညာချက်တွေနဲ့တကွ Autopen သုံးပြီး လက်မှတ်ထိုးခဲ့သမျှ စာရွက်စာတမ်း အားလုံးကို ရည်ညွှန်းတာပါပဲ။အိပ်ငိုက်နေတဲ့ ဂျိုး ဘိုင်ဒန်က Autopen နဲ့ လက်မှတ်ထိုးခဲ့တဲ့ စာရွက်စာတမ်းမှန်သမျှဟာ၊ အဲဒါတွေက ၉၂ ရာခိုင်နှုန်းလောက် ရှိတယ်လို့ ခန့်မှန်းရပါတယ်၊ အခုအချိန်ကစပြီး အဆုံးသတ်လိုက်ပါတယ်၊ တရားဝင်အကျိုးသက်ရောက်မှုလည်း လုံးဝမရှိတော့ပါဘူး" လို့ ထရမ့်က ဆိုရှယ်မီဒီယာမှာပြောကြားခဲ့ပါတယ်။



