back

မလေးရှားမှာ ၂၀၂၆ ခုနှစ်ကနေ ၁၆ နှစ်အောက် လူငယ်များ Social Media သုံးစွဲခွင့် ပိတ်ပင်မည်

Nov 29 • 3:35 AM

breaking-news

မလေးရှား

ပြည်တွင်း

cover

မလေးရှားမှာ ၂၀၂၆ ခုနှစ်ကနေ ၁၆ နှစ်အောက် လူငယ်များ Social Media သုံးစွဲခွင့် ပိတ်ပင်မည်

မလေးရှားနိုင်ငံဟာ လာမယ့် ၂၀၂၆ ခုနှစ်မှစတင်ပြီး အသက် ၁၆ နှစ်အောက် ကလေးသူငယ်နဲ့ ဆယ်ကျော်သက်လူငယ်များ လူမှုကွန်ရက် မီဒီယာသုံးစွဲခွင့်ကို ပိတ်ပင်မယ့် စနစ်ကို စတင်ကျ...

မလေးရှားနိုင်ငံဟာ လာမယ့် ၂၀၂၆ ခုနှစ်မှစတင်ပြီး အသက် ၁၆ နှစ်အောက် ကလေးသူငယ်နဲ့ ဆယ်ကျော်သက်လူငယ်များ လူမှုကွန်ရက် မီဒီယာသုံးစွဲခွင့်ကို ပိတ်ပင်မယ့် စနစ်ကို စတင်ကျင့်သုံးတော့မှာဖြစ်ကြောင်း သိရပါတယ်။အခု တင်းကျပ်မှုဟာ ဆယ်ကျော်သက်လူငယ်များကို ဆိုက်ဘာအနိုင်ကျင့်မှုများ (cyberbullying)၊ လိမ်လည်မှုများ၊ နှင့် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုများ စတဲ့ အွန်လိုင်းအန္တရာယ်များကနေ ကာကွယ်ရန် ရည်ရွယ်ခြင်းပါတယ်။မလေးရှားအစိုးရသည် အသက် ၁၆ နှစ်အောက် လူငယ်များအား လူမှုကွန်ရက်သုံးစွဲခွင့် ပိတ်ပင်ခဲ့တဲ့ ဩစတြေးလျနိုင်ငံရဲ့ ပုံစံ ကို နည်းယူရန် ကြိုးပမ်းနေခြင်းဖြစ်ပြီး ဩစတြေးလျဥပဒေအရ Facebook၊ Instagram၊ Snapchat၊ Threads၊ TikTok၊ X နှင့် YouTube အပြင် Reddit နှင့် livestreaming service ဖြစ်သော Kick တို့လို ပလက်ဖောင်းများမှာ အသက်မပြည့်သေးသူများ အကောင့်ဖွင့်ထားခြင်းကို တားဆီးရန် ပျက်ကွက်ပါက ဩစတြေးလျဒေါ်လာ သန်း ၅၀ (အမေရိကန်ဒေါ်လာ ၃၃ သန်း) အထိ ဒဏ်ရိုက်နိုင်ပါတယ်။ဩစတြေးလျကို ပုံစံယူပြီး ဒိန်းမတ်၊ နော်ဝေးနှင့် ပြင်သစ်နိုင်ငံတို့ဟာလည်း အသက် ၁၆ နှစ်အောက် လူငယ်များ Social Media သုံးစွဲခွင့်ကို ပိတ်ပင်ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရပါတယ်။



news-view-count-icon

14