အာဂျင်တီးနားကလပ် အက်စတူဒီယန်တေးအသင်းဥက္ကဋ္ဌ ဗာရွန်သည် ၎င်း၏အသင်းသားများက ရိုဆာရီယိုစင်ထရယ်အသင်းအား ဂုဏ်ပြုသည့်အနေဖြင့် လက်ခုပ်တီးကြိုဆိုမှု ပြုလုပ်ပေးရန် ပျက်ကွက်ခဲ့ခြင်းကြောင့် အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်မှ ဘောလုံးလောကနှင့် ပတ်သက်ခွင့် ၆ လ ပိတ်ပင်သည့် ပြစ်ဒဏ် ချမှတ်ခြင်း ခံခဲ့ရသည်။ အဆိုပါဖြစ်ရပ်မှာ Clausura ပြိုင်ပွဲ ၁၆ သင်းအဆင့်ပွဲစဉ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ အက်စတူဒီယန်တေးအသင်းသည် ရိုဆာရီယိုစင်ထရယ်အသင်းကို ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့သော်လည်း ပြိုင်ဘက်ကစားသမားများ ကွင်းထဲဝင်လာချိန်တွင် နောက်ကျောခိုင်းခဲ့သည့်အတွက် ယခုကဲ့သို့ အရေးယူခြင်းဖြစ်သည်။ ထို့ပြင် အဆိုပါကစားသမားများသည် လာမည့်နှစ်ရာသီအဖွင့်ပွဲစဉ် နှစ်ပွဲကိုပါ ပွဲပယ်ခံရမည်ဖြစ်ကြောင်း သိရသည်။
Nov 29 • 3:30 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 28 | 0 | 0 | 0 |


