back

ဖိလစ်ပိုင်အသင်းတွေမပါဝင်တဲ့ IESF WEC 2025 မှာ အမျိုးသားအသင်းတွေကြား Team Malaysia, Team Cambodia, Team Myanmar တို့က Champions ဆုရယူဖို့ အလားအလာရှိနေ

Nov 29 • 3:23 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ဖိလစ်ပိုင်အသင်းတွေမပါဝင်တဲ့ IESF WEC 2025 မှာ အမျိုးသားအသင်းတွေကြား Team Malaysia, Team Cambodia, Team Myanmar တို့က Champions ဆုရယူဖို့ အလားအလာရှိနေ

ဒီဇင်ဘာလဆန်းမှာ မလေးရှားနိုင်ငံကလက်ခံကျင်းပသွားမယ့် IESF WEC 2025 ဟာ ထူးထူးခြားခြား ဖိလစ်ပိုင် MLBB အသင်း လုံးဝမပါဝင်တဲ့ ပထမဆုံး နိုင်ငံတကာပြိုင်ပွဲ ဖြစ်နေပါတယ်...

ဒီဇင်ဘာလဆန်းမှာ မလေးရှားနိုင်ငံကလက်ခံကျင်းပသွားမယ့် IESF WEC 2025 ဟာ ထူးထူးခြားခြား ဖိလစ်ပိုင် MLBB အသင်း လုံးဝမပါဝင်တဲ့ ပထမဆုံး နိုင်ငံတကာပြိုင်ပွဲ ဖြစ်နေပါတယ်။ဒီ IESF WEC 2025 ကို တက်ရောက်ဖို့ ရည်ရွယ်ခဲ့တဲ့အသင်းတွေကတော့ ဖိလစ်ပိုင်အမျိုးသားလက်ရွေးစင်အသင်း Team Falcons PH နဲ့ ဖိလစ်ပိုင်အမျိုးသမီးလက်ရွေးစင်အသင်း NAVI PH တို့ ဖြစ်ပါတယ်။Team Falcons PH ကတော့ SEA Qualifier အဆင့်မှာ မြန်မာ့လက်ရွေးစင်အသင်း MythicSEAL ကို တတိယလုပွဲမှာရှုံးနိမ့်ပြီး အခုလို Main Stage ကိုမတက်ရောက်နိုင်တာ ဖြစ်ပါတယ်။NAVI PH ကတော့ Asia Qualifier အဆင့်မှာ Top 2

မရောက်ခဲ့လို့ အခုလို Main Stage မှာ ပါဝင်ယှဉ်ပြိုင်ခွင့် မရတာဖြစ်ပါတယ်။ဖိလစ်ပိုင်အသင်းတွေမပါဝင်တဲ့ IESF WEC 2025 မှာ အမျိုးသားအသင်းတွေကြား Team Malaysia, Team Cambodia, Team Myanmar တို့က Champions ဆုရယူဖို့ အလားအလာရှိနေပါတယ်။အမျိုးသမီးအသင်းတွေကြားမှာတော့ Team Malaysia နဲ့ Team Indonesia တို့က Champions ဆုယူဖို့ ရာခိုင်နှုန်းများနေပါတယ်။




news-view-count-icon

45