ဟောင်ကောင်၊ မြောက်ပိုင်း တိုင်ပိုခရိုင်ရှိ Wang Fuk Court အထပ်မြင့်အိမ်ရာ၌ ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှုသည် လူပေါင်း ၁၂၈ ဦး သေဆုံးခဲ့ပြီး ၂၇၉ ဦး ပျောက်ဆုံးနေဆဲဖြစ်ကာ နှစ်ပေါင်း ၈၀ နီးပါးအတွင်း အဆိုးရွားဆုံး မီးလောင်မှုဖြစ်သည်ဟု ဟောင်ကောင် မီးသတ်ဌာနအာဏာပိုင်များက ပြောသည်။ လူပေါင်း ၄,၆၀၀ ကျော် နေထိုင်သည့် အထပ်မြင့်တိုက် ၈ လုံးပါ အိမ်ရာတွင် ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်နေစဉ်၊ ဝါးငြမ်းများနှင့် မီးလောင်လွယ်သော ပလတ်စတစ်စများကြောင့် မီးကူးစက်ပျံ့နှံ့မှု လျင်မြန်ခဲ့သည်။
ပြတင်းပေါက်များအား ဘေးမကင်းသော ပစ္စည်းများဖြင့် ပိတ်ထားခြင်းကြောင့် လူသေဆုံးမှု သံသယဖြင့် ဆောက်လုပ်ရေးကုမ္ပဏီအရာရှိ ၃ ဦးအား ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့က ပြောသည်။


