back

နောင်ချိုမှ သယ်ဆောင်လာသည့် ငွေကျပ် ၈ ဒသမ ၉ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးများကို ပုသိမ်ကြီးမြို့နယ်တွင် ဖမ်းမိ

Nov 28 • 4:09 PM

breaking-news

မြန်မာ

မန္တလေး

cover

နောင်ချိုမှ သယ်ဆောင်လာသည့် ငွေကျပ် ၈ ဒသမ ၉ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးများကို ပုသိမ်ကြီးမြို့နယ်တွင် ဖမ်းမိ

‎ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်မှ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ သို့ သယ်ဆောင် ရောင်းဝယ်မည့် ငွေကျပ် ၈ ဒသမ ၉ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၅...

‎ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်မှ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ သို့ သယ်ဆောင် ရောင်းဝယ်မည့် ငွေကျပ် ၈ ဒသမ ၉ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၅၅ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၅ သန်းကျော်ကို နိုဝင်ဘာလ ၆ ရက် ညနေပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့က မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာအနီး၌ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သိရသည်။လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က နိုဝင်ဘာလ ၆ ရက် ညနေ ၄ နာရီ ခွဲ ခန့်တွင် ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာအနီး၌ သတင်းအရစောင့်ဆိုင်းစဉ် ပြင်ဦးလွင်မြို့ဘက်မှ မန္တလေးမြို့ဘက်သို့ ကျော်သူထိုက် မောင်းနှင်လာသော TOYOTA DYNA မော်တော်ယာဉ်ကို စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ ဘိန်းဖြူ ၅၅ ကီလို(ခန့်မှန်းတန်ဖိုး ငွေကျပ် ၁ ဒသမ ၃၇၅ ဘီလီယံ)နှင့် စိတ်ကြွရူးသွပ် ဆေးပြား ၅ ဒသမ ၈ သန်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၇ ဒသမ ၆၂ ဘီလီယံ)၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၈.၉၉၅ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

‎


‎

news-view-count-icon

16