သောကြာနေ့ (နိုဝင်ဘာ ၂၈) နံနက်တွင် ထိုင်းနိုင်ငံ နွန်သာဘူရီပြည်နယ်၊ ပက်ကရက်ခရိုင်ရှိ ဇိမ်ခံကားများသိုလှောင်ထားသော ဂိုဒေါင်တစ်ခုတွင် ပြင်းထန်သော မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ခန့်မှန်းခြေအားဖြင့် ဘတ်သန်း ၁၀၀ ခန့်တန်ဖိုးရှိသော စူပါကားငါးစီးနှင့် ဘတ်သန်း ၉၀ တန်ဖိုးရှိ Tesla ၄၅ စီး စုစုပေါင်း ဘတ် ၁၉၀ သန်းကျော်ဖိုး ဆုံးရှုံးခဲ့သည်။ မီးသတ်သမားများသည် မီးငြှိမ်းသတ်စဉ် အီးဗီ ဘက်ထရီထုပ်များကြောင့် မီးလောင်ကျွမ်းမှု ပြင်းထန်ခဲ့ရာ မီးတောက်များသည် ဂိုဒေါင်ကို ဝါးမျိုပြီး မီးသတ်ကားတစ်စင်းသို့ပါ ကူးစက်သွားခဲ့ရာ မီးသတ်ကား မီးလောင်ကျွမ်းခဲ့သည်။



