ဂျပန်ဝန်ကြီးချုပ် Takaichi က နိုင်ငံခြားသားတွေနဲ့ ပက်သက်ပြီး ဂျပန်ပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှုကိုအကြောင်းပြု၍နိုင်ငံခြားသားမူဝါဒကို တင်းကျပ်ရန်အတွက် အစိုးရသည် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ကျွမ်းကျင်သူအဖွဲ့၏ ပထမဆုံး အစည်းအဝေးကို ကျင်းပခဲ့သည်။မူဝါဒ အတည်ပြုမည့်ရက် လာမည့် ဇန်နဝါရီလ - မူဝါဒ၏ လမ်းညွှန်ချက်များကို အပြီးသတ် ချမှတ်မည်။ဒီအစီအစဉ်မှာ အချက် သုံးချက်ပါဝင်ပါတယ် 🔺ပထမအချက်က လက်ရှိနေထိုင်ခွင့် ပေးထားတဲ့ Visa များ ဥပမာ 特定技能Visa နဲ့ နိုင်ငံခြားသားဝင်ရောက်မှု လက်ခံနိုင်မဲ့ အများဆုံးဦးရေကို ကန့်သတ်မည် အခြား visa များကိုလည်း သင့်လျော်မှုရှိ မရှိ ပြန်လည် သုံးသပ်မည်။
🔺ဒုတိယအချက် အနေဖြင့်နိုင်ငံခြားသား မြေယာဝယ်ယူမှု စည်းမျဉ်းများကို ပိုမိုတင်းကျပ်စွာ ကိုင်တွယ်ရန် ဥပဒေ ပြင်ဆင်မှု ကို ဆောင်ရွက်မည်။🔺တတိယအချက် အနေဖြင့်နိုင်ငံခြားသားများ မပေးဆောင်ဘဲ ကျန်ရှိနေတဲ့ ဆေးကုသမှုစရိတ်တွေကို ကိုင်တွယ်ဖြေရှင်းရန် အစီအမံများ ချမှတ်မည် နိုင်ငံခြားသား တချို့က ဂျပန်မှာ ဆေးကုပြီး ဆေးရုံကုန်ကျစရိတ်ကို မပေးဆောင်တဲ့အတွက် ဂျပန်အစိုးရရဲ့ ကျန်းမာရေးစနစ်အပေါ် အကြီးအကျယ် ဝန်ထုပ်ဝန်ပိုးဖြစ်နေတယ်လို့ ဆိုပါတယ် (ဂျပန်မှာ ဆေးရုံအများစုဟာ နှစ်စဉ်
အရှုံးပေါ်နေပါတယ် )


