ယခုတစ်ပတ်မှာတော့ စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေး တစ်ပိဿာ(၆,၂၈၀)ကျပ် နဲ့ရောင်းချဖို့သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။နိုဝင်ဘာလ(၂၈)ရက်ကနေဒီဇင်ဘာလ(၄)ရက်အထိရောင်းချရမယ့်ဈေး အဖြစ်သတ်မှတ်လိုက်တာဖြစ်ပါတယ်။ပြီးခဲ့တဲ့အပတ်ကတော့ တစ်ပိဿ(၆,၃၃၀)ကျပ်သတ်မှတ်ခဲ့တာဖြစ်လို့ ဈေးနှုန်းအနည်းငယ်ကျခဲ့တာဖြစ်ပြီး ဝယ်ယူလိုသူတွေအနေနဲ့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း Pageနဲ့ ဖုန်းနံပါတ် တွေကိုဆက်သွယ်ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။



