back

နိုင်ငံတကာ အဓိကလေကြောင်းလိုင်း ခြောက်ခုကို ဗင်နီဇွဲလားက ပြေးဆွဲပျံသန်းခွင့်ပိတ်

Nov 28 • 3:28 AM

breaking-news

မြန်မာ

ပြည်ပ

cover

နိုင်ငံတကာ အဓိကလေကြောင်းလိုင်း ခြောက်ခုကို ဗင်နီဇွဲလားက ပြေးဆွဲပျံသန်းခွင့်ပိတ်

နိုင်ငံတကာ လေကြောင်းလိုင်းတွေအနေနဲ့ ၄၈ နာရီအတွင်း ခရီးစဉ်တွေ ပြန်လည်စတင်ဖို့ နောက်ဆုံးရက်ကို မလိုက်နာတာကြောင့် နိုင်ငံတကာ အဓိက လေကြောင်းလိုင်းခြောက်ခုကို နိုင်...

နိုင်ငံတကာ လေကြောင်းလိုင်းတွေအနေနဲ့ ၄၈ နာရီအတွင်း ခရီးစဉ်တွေ ပြန်လည်စတင်ဖို့ နောက်ဆုံးရက်ကို မလိုက်နာတာကြောင့် နိုင်ငံတကာ အဓိက လေကြောင်းလိုင်းခြောက်ခုကို နိုင်ငံတွင်း ဆင်းသက်ခွင့်မပြုတော့ဘဲ ပိတ်ပင်လိုက်တယ်လို့ ဗင်နီဇွဲလားအာဏာပိုင်တွေက ထုတ်ပြန်လိုက်ပါတယ်။ ဒေသတွင်းမှာ စစ်ရေးလှုပ်ရှားမှုများ ပိုမိုပြင်းထန်လာမယ်လို့ အမေရိကန်ပြည်ထောင်စုက သတိပေးပြီးနောက် နိုင်ငံတကာ လေကြောင်းလိုင်းတွေဟာ ဗင်နီဇွဲလားနိုင်ငံ မြို့တော်ကာရာကတ်စ်သို့ ပြေးဆွဲပျံသန်းမှုတွေကို ရပ်ဆိုင်းခဲ့ပါတယ်။ ဒီကိစ္စကြောင့် ဒေါသထွက်နေတဲ့ ဗင်နီဇွဲလားအစိုးရဟာ ဗုဒ္ဓဟူးနေ့မှာ သက်တမ်းကုန်ဆုံးမယ့် နောက်ဆုံးရက်ကို ထုတ်ပြန် သတိပေးခဲ့ပါတယ်။ လေကြောင်းလိုင်းငယ် အများအပြားကတော့ ဗင်နီဇွဲလားကို ဆက်လက်ပျံသန်းနေပေမယ့် လေကြောင်းခရီးစဉ် ထောင်ပေါင်းများစွာ ထိခိုက်ခဲ့ရပါတယ်။

လက်ရှိမှာတော့ Iberia၊ TAP Portugal၊ Gol၊ Latam၊ Avianca နဲ့ Turkish Airlines တို့ဟာ ဗင်နီးဇွဲလားမှာ ဆင်းသက်ခွင့်နဲ့ ထွက်ခွာခွင့်တွေ ကို ချက်ချင်းဆုံးရှုံးရမယ်လို့ ဗင်နီဇွဲလား အရပ်ဘက်လေကြောင်း အာဏာပိုင်ကအဖွဲ့က ထုတ်ပြန်ထားပါတယ်။ အမေရိကန်အစိုးရမှ လှုံ့ဆော်ပေးတဲ့ နိုင်ငံတော်အကြမ်းဖက်မှုလုပ်ရပ်တွေမှာ ပူးပေါင်းပါဝင်ခြင်းနဲ့ လေကြောင်းကုန်သွယ်ရေးလုပ်ငန်းတွေကို တစ်ဖက်သတ်ရပ်ဆိုင်းတာတွေ ပြုလုပ်တာလို့ စွပ်စွဲထားပါတယ်။အမေရိကန်ပြည်ထောင်စုဟာ ဗင်နီဇွဲလားအနီး ရေပြင်ကို ရေတပ်အုပ်စု စေလွှတ်ထားပြီး မူးယစ်ဆေးဝါးရောင်းဝယ်မှုကို တိုက်ဖျက်ဖို့လို ဆိုထားပေမယ့် ဗင်နီဇွဲလားခေါင်းဆောင် မာဒူရိုကတော့ ဒါဟာ သူ့ကိုဖြုတ်ချဖို့ ကြိုးပမ်းမှုအဖြစ် ရှုတ်ချထားပါတယ်။အမေရိကန်ပြည်ထောင်စုဟာ တပ်ဖွဲ့ဝင် တသောင်းခွဲနဲ့ ကမ္ဘာ့အကြီးဆုံး လေယာဉ်တင်သင်္ဘော USS Gerald Ford ကို ဗင်နီဇွဲလား ကမ်းရိုးတန်းအနီးမှာ ဖြန့်ကြက်ချထားပါတယ်။ ဒါဟာ ၁၉၈၉ ခုနှစ်က ပနားမားကို ကျူးကျော်ပြီးနောက်ပိုင်း ဒေသတွင်းမှာ အမေရိကန်ရဲ့ အကြီးမားဆုံးသော စစ်ရေးဖြန့်ကျက်မှုဖြစ်ပါတယ်။


news-view-count-icon

30