နိုင်ငံတော်ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုသည် နိုဝင်ဘာ ၂၇ ရက်၊ ည ၉ နာရီခန့်တွင် နေပြည်တော် တပ်မတော်လေဆိပ်သို့ ချစ်ကြည်ရေးခရီးအဖြစ် ရောက်ရှိလာခဲ့သည်။ သမ္မတ လူကာရှန်ကို ဦးဆောင်သော အဖွဲ့ကို နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောနှင့် တာဝန်ရှိသူများ၊ ဂုဏ်ပြုတပ်ဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများက ကြိုဆိုခဲ့ကြသည်။ ဤခရီးစဉ်သည် သမ္မတ လူကာရှန်ကိုအတွက် ပထမဆုံး မြန်မာနိုင်ငံခရီးစဉ်ဖြစ်ပြီး နိုဝင်ဘာ ၂၈ ရက်တွင် ပြန်လည်ထွက်ခွာမည်ဟု သိရသည်။
Nov 28 • 2:53 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 22 | 0 | 0 | 0 |


