back

ကရင်ပြည်နယ်၊ရွှေကုက္ကိုလ်နယ်မြေမှ အဆောက်အအုံများကို စတင်ချိတ်ပိတ်သိမ်းဆည်းနေပြီဖြစ်

Nov 28 • 2:20 AM

breaking-news

မြန်မာ

ကရင်

cover

ကရင်ပြည်နယ်၊ရွှေကုက္ကိုလ်နယ်မြေမှ အဆောက်အအုံများကို စတင်ချိတ်ပိတ်သိမ်းဆည်းနေပြီဖြစ်

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ရွှေကုက္ကိုလ်နယ်မြေအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များမှ နိုဝင်ဘာ ၁၈ ရက်မှစတင်၍စစ်ဆေးမှုများပြုလုပ်ခဲ့ရာ ယနေ...

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ရွှေကုက္ကိုလ်နယ်မြေအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များမှ နိုဝင်ဘာ ၁၈ ရက်မှစတင်၍စစ်ဆေးမှုများပြုလုပ်ခဲ့ရာ ယနေ့ နိုဝင်ဘာ ၂၇ ရက်အထိ တရားမဝင်အဆောက်အအုံ (၁၀၉) လုံးကို စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ထိုသို့ စစ်ဆေးခဲ့ကြပြီးနောက် ယင်းအဆောက်အအုံများအားပြန်လည်အသုံးပြုမှုနိုင်စေရန် ယနေ့ နိုဝင်ဘာ ၂၇ ရက်မှစတင်၍ ချိတ်ပိတ်သိမ်းဆည်းမှုများပြုလုပ်ရာ အဆောက်အအုံ (၂၁) လုံးကို ချိတ်ပိတ်သိမ်းဆည်းခဲ့ကြောင်း သိရသည်။ရွှေကုက္ကိုလ်နယ်မြေ၌ ယနေ့ နိုဝင်ဘာ ၂၇ ရက်တွင်လည်း လူနေအဆောက်အအုံများ၊ ဂိုထောင်များ၊ ဈေးဆိုင်ခန်းများ၊ ဟိုတယ်များနှင့် ကေတီဗွီများဖြစ်သော (၁) ထပ်အဆောက်အအုံ (၂) လုံး၊ (၂) ထပ်အဆောက်အအုံ (၁၁) လုံး၊ (၃) ထပ်အဆောက်အအုံ (၄၂) လုံး၊ (၇) ထပ်အဆောက်အအုံ (၁) လုံး၊ (၉) ထပ်အဆောက်အအုံ (၂) လုံးနှင့် (၁၇) ထပ်အဆောက်အအုံ (၁) လုံးတို့ကိုစစ်ဆေးခဲ့ကြကြောင်း သိရသည်။




news-view-count-icon

21