မွန်ပြည်နယ် မော်လမြိုင်မြို့ ဇေတဝန်ကျောင်းတိုက် သာသနာနွယ်ဖောင်ဒေးရှင်း ဆရာတော် အရှင် စန္ဒာဇောတိဟာ ယမန်နေ့ နိုဝင်ဘာ ၂၇ ရက်နေ့ ညနေပိုင်းမှာ ဖမ်းဆီးခံလိုက်ရတယ်လို့ ပြောပါသည်။ဆရာတော် အရှင် စန္ဒာဇောတိဟာ သူ့ကျောင်းတိုက်ဘေးက မော်လမြိုင်လေယာဉ်ကွင်းအနီးဝန်းကျင်မှာ အထပ်အမြင့်အဆောက်အဦး တည်ဆောက်တာအပြင် သာသနာညိုးနွမ်းစေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ခေါ်ဆောင်စစ်ဆေးခံနေရတယ်လို့ ဆိုပါသည်။ဆရာတော်အား ဖမ်းဆီးစဉ် ဆရာတော်ရဲ့ တပည့်နှစ်ဦးနဲ့ ကားတချို့ကိုလည်း တစ်ခါတည်း ဖမ်းဆီးသိမ်းဆည်းသွားတယ်လို့ နီးစပ်သူတွေရဲ့ ပြောပြပါသည်။
| 30 | 0 | 0 | 0 |


