ထိုင်းနိုင်ငံတောင်ပိုင်း ဆုန်ခလာမြို့တွင် ရေကြီးရေလျှံမှုများကြောင့် ပင်လယ်စာစက်ရုံတစ်ခု၌ အလုပ်လုပ်ကိုင်နေသည့် အလုပ်သမား စုစုပေါင်း ၃,၀၀၀ ကျော် ရေဘေးသင့်နေပြီး၊ ယင်းအနက် မြန်မာအလုပ်သမား ၅၀၀ နီးပါး ပါဝင်ကြောင်း သိရသည်။ ရေဘေးသင့်နေသည့် မြန်မာအလုပ်သမားများသည် လက်ရှိတွင် သောက်သုံးရေနှင့် အစားအစာများ အရေးပေါ် လိုအပ်နေကြောင်း ပြောကြားသည်။မြန်မာအလုပ်သမားများက ရေမတက်ခင် ၃ ရက်ခန့်အလိုကတည်းက ရေဘေးအစီအမံများ ကြိုတင်ဆောင်ရွက်ထားရန် စက်ရုံတာဝန်ရှိသူများထံ တင်ပြခဲ့သော်လည်း စက်ရုံဘက်က လက်ခံခြင်းမရှိဘဲ အလုပ်ဆက်ဆင်းရန်သာ ပြောဆိုခဲ့ပြီး၊ ရေတက်လာသည့်အခါ စက်ရုံက တာဝန်ယူမှုမရှိဘဲ ပစ်ထားခဲ့သည်ဟု အလုပ်သမားတစ်ဦးက ပြောသည်။ ရေဘေးသင့်သူများသည် မိမိအစီအစဉ်ဖြင့် ရေလွတ်ရာနေရာများသို့ ပြောင်းရွှေ့နေထိုင်နေရပြီး၊ မြန်မာပရဟိတအဖွဲ့များ လာရောက်ကူညီမှသာ ရေနှင့်စားစရာများ ရရှိကြောင်း ၎င်းတို့က ပြောသည်။
ထိုင်းနိုင်ငံ ဆုန်ခလာမြို့ ရေကြီးမှုတွင် ပင်လယ်စာစက်ရုံမှ မြန်မာအလုပ်သမား ၅၀၀ နီးပါး ရေနှင့်အစားအစာ အရေးပေါ်လိုအပ်နေ
Nov 28 • 1:52 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 24 | 0 | 0 | 0 |


