back

ကရင်ပြည်နယ်၊မြဝတီ သောင်ရင်းမြစ်ဘေးမှာ ကျားဖြန့်လုပ်သား ၇၀၀ နီးပါး သောင်တင်

Nov 28 • 1:51 AM

breaking-news

မြန်မာ

ကရင်

breaking-news
cover

ကရင်ပြည်နယ်၊မြဝတီ သောင်ရင်းမြစ်ဘေးမှာ ကျားဖြန့်လုပ်သား ၇၀၀ နီးပါး သောင်တင်

ကရင်ပြည်နယ် မြဝတီမြို့နယ် မင်းလက်ပံတိုက်ပွဲကြောင့် တရုတ်ကျားဖြန့်ဆိုက်ထဲက ထွက်ပြေးလာတဲ့ ကျားဖြန့်အလုပ်သမား ၇၀၀ နီးပါး ထိုင်းနယ်စပ် သောင်ရင်းမြစ်ဘေးမှာ သောင်တင်န...

ကရင်ပြည်နယ် မြဝတီမြို့နယ် မင်းလက်ပံတိုက်ပွဲကြောင့် တရုတ်ကျားဖြန့်ဆိုက်ထဲက ထွက်ပြေးလာတဲ့ ကျားဖြန့်အလုပ်သမား ၇၀၀ နီးပါး ထိုင်းနယ်စပ် သောင်ရင်းမြစ်ဘေးမှာ သောင်တင်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေကပြောပါတယ်။မြဝတီမြို့တောင်ဘက် ထိုင်း-မြန်မာနယ်စပ်နားက မင်းလက်ပံရွာကို နိုဝင်ဘာ ၂၁ ရက်နေ့က အင် ကြင်းမြိုင် မယ်ဝါးခီးရွာကနေဝင်ရောက်စီးနင်းခဲ့တာကြောင့် မင်းလက်ပံရွာက တရုတ်ကျားဖြန့်ဆိုက်မှာ လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေဟာ နိုဝင်ဘာ ၂၆ ရက်နေ့က နယ်စပ် သောင်ရင်းမြစ်နားကို ထွက်ပြေးရောက်လာရှိလာကြပြီး ထိုင်းဘက်က အဝင်မခံတာကြောင့် အဲဒီနေရာမှာပဲ နိုဝင်ဘာ ၂၇ ရက်နေ့အထိ သောင်တင်ပြီး နေထိုင်နေကြပါတယ်။

news-view-count-icon

40