back

မလေးရှားမှာ မြန်မာ ၃၉ ဦးအပါအဝင် တရားမဝင်နိုင်ငံခြားသား ၁၀၀ ကျော်ဖမ်းဆီးခံရ

Nov 27 • 3:19 PM

breaking-news

မလေးရှား

ပြည်တွင်း

cover

မလေးရှားမှာ မြန်မာ ၃၉ ဦးအပါအဝင် တရားမဝင်နိုင်ငံခြားသား ၁၀၀ ကျော်ဖမ်းဆီးခံရ

ကလန်းမြို့ လူနေတိုက်ခန်းတွေနဲ့ စီပန်းဈေးဝယ်စင်တာမှာ နိုဝင်ဘာလ ၂၅ ရက်နေ့ လူဝင်မှုကြီးကြပ်ရေးဌာန နဲ့ အာဏာပိုင်တွေက ဝင်ရောက်စစ်ဆေးရာ တရားဝင် အထောက်အထားမရှိတဲ့ နိုင...

ကလန်းမြို့ လူနေတိုက်ခန်းတွေနဲ့ စီပန်းဈေးဝယ်စင်တာမှာ နိုဝင်ဘာလ ၂၅ ရက်နေ့ လူဝင်မှုကြီးကြပ်ရေးဌာန နဲ့ အာဏာပိုင်တွေက ဝင်ရောက်စစ်ဆေးရာ တရားဝင် အထောက်အထားမရှိတဲ့ နိုင်ငံခြားသား ၁၇ ဦး ဖမ်းဆီးခံရတာပါ။ဖမ်းဆီးခံရတဲ့နိုင်ငံခြားသားတွေမှာ မြန်မာ ၆ဦး၊ အင်ဒိုနီးရှား ၆ ဦး၊ တရုတ် ၂ ဦးနဲ့ ဘင်္ဂလားဒေ့ရှ် ၃ ဦး စုစုပေါင်း ၁၇ ဖမ်းဆီးခံရပါတယ်။ ဒါ့အပြင် ကလန်းမြို့၊ ကလန်းတိုက်ခန်း ၅ ခန်းမှာ နိုင်ငံခြားသား ၇၀၇ ဦးနဲ့ ဒေသခံနိုင်ငံသား ၁၅၄ ဦးတို့အပါဝင် လူ ၈၆၁ ဦးကို လဝကနဲ့ အာဏာပိုင်တွေက စစ်ဆေးခဲ့ပါတယ်။ဖမ်းဆီးခံရတဲ့နိုင်ငံခြားသားတွေဟာ ပါကစ္စတန် ၃၈ ဦး၊ မြန်မာ ၃၃ ဦး၊ ဘင်္ဂလားဒေ့ရှ် ၈ ဦး၊ အင်ဒိုနီးရှား ၁၁ ဦး၊ အိန္ဒိယ ၄ ဦး နဲ့ နီပေါ ၂ ဦးတို့ဖြစ်ပြီး ဖမ်းဆီးခံရသူတွေဟာ အသက် ၁၈ နှစ် မှ အသက် ၅၅ နှစ်ကြားဖြစ်​တယ်လို့ သိရပါတယ်။အဲဒီဖမ်းဆီးထားတဲ့ တရားမဝင်နိုင်ငံခြားသား ၁၁၃ ဦး လူဝင်မူ ကြီးကြပ်ရေးအက်ဥပဒေ ၁၉၅၉၊ ၆၃ ဖြင့် အရေးယူသွားမယ်လို့ ဒီနေ့မနက်မှာ ထုတ်ပြန်ထားပါတယ်။



news-view-count-icon

2