ယခုနှစ် ၂၀၂၅ နှစ်ဆန်းပိုင်းမှ စတင်ပြီး တောင်ကြီးမြို့ရှိ ဘုရားဖြူရပ်ကွက်နှင့် ပလီလင်းရွာတို့တွင် လောင်းကစားဝိုင်းများကို ပေါ်ပေါ်ထင်ထင် ဖွင့်လှစ်ပြီး လည်ပတ်လုပ်ကိုင်မှု ရှိနေကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။ တောင်ကြီးမြို့တွင် ဖွင့်လှစ်ထားသည့် ငါးပစ်ဂိမ်း၊ ဂျင်ဝိုင်း စသည့် လောင်းကစား လုပ်ငန်းအချို့သည် အခွန်အခ ပေးဆောင်၍ ခွင့်ပြုချက် ရယူပြီး ပေါ်ပေါ်ထင်ထင် လုပ်ကိုင်နေကြောင်း တောင်ကြီးမြို့ ဒေသခံများက ပြောသည်။ တောင်ကြီးမြို့တွင် ယခုကဲ့သို့ လောင်းကစားဝိုင်းများကို ပေါ်ပေါ်ထင်ထင် ဖွင့်လှစ်ခွင့်ပြုခြင်းကြောင့် နောက်ဆက်တွဲ အကျိုးဆက် အနေဖြင့် ခိုးဆိုးလုယက်မှုများ၊ ဓားပြတိုက်မှုများ တိုးမြှင့်လာမည်ကို ဒေသခံများက စိုးရိမ်ကြောင်း ၎င်းအမျိုးသားက ဆက်ပြောသည်။



