ပြီးခဲ့သော နိုဝင်ဘာ ၁၆ ရက် တွင် လားရှိုးမြို့တွင်း သူခိုးများ သောင်းကျန်းနေသည်ဟု ဆိုပြီး သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံများ ပူးပေါင်း ဖမ်းဆီးရာ အသက် (၃၀)ကျော်အမျိုးသား စိုင်းအိုက်လိတ်ဆိုသူ တစ်ဉီးလည်း အပါအဝင် ဖြစ်သည်။ ဖမ်းဆီးနေချိန်တွင် စိုင်းအိုက်လိတ်သည် နေအိမ်တစ်လုံးတွင် ကျူးကျော်နေစဉ် ဖမ်းဆီးရမိသော်လည်း ခိုးရာပါ ပစ္စည်းများ မတွေ့ရှိကြောင်း၊ ထို့အပြင် ၎င်းသက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများနှင် ဒေသခံများက စိုင်းအိုက်လိတ်ကို ရိုက်နှက်စစ်ဆေးရာ နိုဝင်ဘာ ၁၈ ရက်တွင် ဒဏ်ရာကြောင့် အသက်သေဆုံးသည်အထိ ဖြစ်ပွားခဲ့ကြောင်း ဖြစ်စဉ်သိရှိသူ လားရှိုးမြို့ခံ အမျိုးသမီးတစ်ဉီးက ပြောသည်။လက်လွန်ရိုက်နှက် သေဆုံးသွားမှုနှင့် ပတ်သက်ပြီး နိုဝင်ဘာ ၁၈ ရက်တွင် မိသားစုဝင်များကို အသိမပေးဘဲ မြေမြှုပ်သင်္ဂြိုဟ်ခဲ့ကြောင်း ၎င်းအမျိုးသမီးက ပြောပြသည်။



