back

ကျိုက်ထီးရိုးစေတီတော်သို့ လမ်းလျှောက်တက်သူများ အကောင်ကိုက်ခံရခြင်းမှ ဂရုစိုက်ကြရန် သတိပေး

Nov 27 • 3:16 PM

breaking-news

မြန်မာ

မွန်

cover

ကျိုက်ထီးရိုးစေတီတော်သို့ လမ်းလျှောက်တက်သူများ အကောင်ကိုက်ခံရခြင်းမှ ဂရုစိုက်ကြရန် သတိပေး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်သို့ လမ်းလျှောက်တက်သူများ တောင်တော်ပတ်ဝန်းကျင်ရှိ အကောင်များ ကိုက်ခံရခြင်းမှ ဂရုစိုက်ကြရန် ကျို...

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်သို့ လမ်းလျှောက်တက်သူများ တောင်တော်ပတ်ဝန်းကျင်ရှိ အကောင်များ ကိုက်ခံရခြင်းမှ ဂရုစိုက်ကြရန် ကျိုက်ထိုမြို့နယ်ကျန်မားရေးဦးစီးဌာနက သတိပေးထားသည်။တောင်တက်လမ်းမှ လမ်းလျှောက်တက်သူများ အနေဖြင့် လမ်းလျှောက်သည့်အခါ ဖိနပ်ကို သေချာစီးရန်၊ ညဘက်နှင့် မနက်စောစော လမ်းလျှောက်ပါက မြေပြင်ကို သေချာကြည့်ရန်၊ ချုံပုတ်၊ ကျောက်တုံးများကို လက်ဖြင့် စမ်းခြင်းများ မပြုလုပ်ရန် ကျိုက်ထိုမြို့နယ် ကျန်းမာရေးဦးစီးဌာနက အသိပေး ထုတ်ပြန်ထားသည်။ထို့နောက် ကျိုက်ထီးရိုးတောင်ပေါ်ဆေးခန်းမှာ ဘုရားရင်ပြင်တော်နှင့် ကပ်ရက်နေရာတွင် တည်ရှိပြီး ကျန်းမာရေးဝန်ထမ်းများမှာလည်း ၂၄ နာရီအချိန်ပြည့် တာဝန်ထမ်းဆောင်နေသည်ဟု ဆိုသည်။




news-view-count-icon

23