ဟောင်ကောင်၌ ယမန်နေ့တွင် ဖြစ်ပွားခဲ့သည့် အထပ်မြင့်အိမ် ရာမီးလောင်မှုနှင့် ပတ်သက်ပြီး ဆောက်လုပ်ရေးကုမ္ပ ဏီဒါရိုက်တာနှစ်ဦးနှင့် အင်ဂျင်နီယာရပ်ဆိုင်ရာ အတိုင်ပင် ခံတစ်ဦးကို လူသေစေမှုသံသယဖြင့် ဖမ်းဆီး ထိန်းသိမ်းထားကြောင်း ဟောင်ကောင်အာဏာပိုင်များက ပြော သည်။မီးလောင်ရခြင်း အကြောင်းအရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး အဆောက်အအုံ၏ ပြတင်းပေါက်များတွင် အစိမ်း ရောင်အကာစနှင့်ပလတ်စတစ်များကိုတွေ့ရကာယင်းတို့မှာ အဆောက်အအုံ ပြန်လည် ပြုပြင်မွမ်းမံရာတွင် အ သုံးပြုသော ပစ္စည်းများဖြစ်ကြောင်း ဟောင်ကောင်ရဲတပ်ဖွဲ့က ပြောသည်။အဆိုပါနေရာတွင် ပြတင်းပေါက်များကို ပိုလီစတိုင်ရင်း ပ လတ်စတစ်ဘုတ်ပြားများဖြင့် ပိတ်ထားသည်ကို တွေ့ရပြီး ယင်းတို့သည် အရည်အသွေးမမီသော ဆောက်လုပ်ရေးပစ္စည်းများနှင့်အတူ မီးလောင်ကျွမ်းမှုကို အလွန်လျင်မြန်စွာ ပျံ့နှံ့စေခဲ့သည်ဟု သံသယရှိကြောင်း ရဲတပ်ဖွဲ့က ဆို သည်။သို့ရာတွင် မီးစတင်လောင်ကျွမ်းရခြင်း၏ အကြောင်းရင်းကိုမူ လက်ရှိအချိန်အထိ မသိရသေးပေ။တိုက်ခန်းဘလောက်တုံးများကို ဆက်သွယ်ထားသည့် ဝါးငြမ်းတိုင် ပမာဏများပြားခြင်းသည် ပြီးခဲ့သည့်ညက မီး လောင်မှုကို ပိုမိုအားပေးခဲ့သည်ဟု ယုံကြည်ကြောင်း မီး ဘေးလုံခြုံရေး ကျွမ်းကျင်သူတစ်ဦးက ပြောကြားသည်။မီးတောက်များက အလွန်လျင်မြန်စွာ ပျံ့နှံ့ခဲ့ပြီး သေဆုံးဒဏ်ရာရမှု များပြားခဲ့ခြင်းဖြစ်ကြောင်း ဟောင်ကောင် ပိုလီတက္ကနစ်တက္ကသိုလ်မှ ပါမောက္ခကျန်လီမင်က ဆိုသည်။ဝါးငြမ်းများသည် ဟောင်ကောင်တစ်ခွင်တွင် အထင်ကရ မြင်ကွင်းတစ်ခုဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းများတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြသည်။ယင်းအတွက် မီးလောင်မှုဒဏ်ခံနိုင်သော ပိုမိုခိုင်ခံ့သည့် သံ မဏိများဖြင့် အစားထိုးပြီး ဝါးအသုံးပြုမှုအား တဖြည်း ဖြည်း ဖျက်သိမ်းသွားမည့် အစီအစဉ်များကို အာဏာပိုင်များက ယခုနှစ်အစောပိုင်းတွင် ကြေညာခဲ့သည်။



