အင်အားပြင်း ငလျင်ကြီးကြောင့် ဧရာဝတီတံတား (ရတနာပုံ) ၏ အစိတ်အပိုင်းအချို့ ထိခိုက်ပျက်ဆီးမှုများရှိခဲ့ရာ တံတားကြီး ကြံ့ခိုင်မှုနှင့် တံတားကြီး၏ ပျက်ဆီးမှုများကို ပြင်ဆင်နိုင်ရေးအတွက် စီစဥ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ဧရာဝတီတံတား (ရတနာပုံ) သည် ဧရာဝတီမြစ်ကိုဖြတ်၍ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးကို ဆက်သွယ်ထားသော (၅,၆၁၄) ပေရှည်လျားသည့် တံတားကြီးဖြစ်သည်။ ဧရာဝတီတံတား (ရတနာပုံ) သည် သံမဏိသံပေါင်ဂုံးတံတားဖြစ်ကာ RC Beam and Slab ချဥ်းကပ်တံတားဖြစ်ပြီး တံ တားအရှည် ၁၇၁၁ မီတာ (၅,၆၁၄ ပေ) ၊ ပင်မတံတား အရှည် ၁၁၂၅.၈မီတာ ( ၃,၆၉၄ ပေ) ၊ မန္တလေးဘက် ချဥ်းကပ်လမ်း ၃၄၇မီတာ (၁,၁၄၀ ပေ) နှင့် စစ်ကိုင်းဘက်ချဥ်းကပ်လမ်း ၂၃၇.၅မီတာ ( ၇၈၀ ပေ) ရှည်သည်။



