back

တရုတ်(ဟောင်ကောင်)မီးလောင်ကျွမ်းမှု သေဆုံးသူ ၄၄ ဦးရှိလာ

Nov 27 • 8:06 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်(ဟောင်ကောင်)မီးလောင်ကျွမ်းမှု သေဆုံးသူ ၄၄ ဦးရှိလာ

တရုတ်(ဟောင်ကောင်)က အထပ်မြင့်တာဝါ အဆောင်အဦတွေမှာ နိုဝင်ဘာလ ၂၆ ရက်က မီးလောင်မှုဖြစ်ခဲ့လို့ အနည်းဆုံး လူ ၄၄ ယောက် သေဆုံးခဲ့ပြီး ၁၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ Reute...

တရုတ်(ဟောင်ကောင်)က အထပ်မြင့်တာဝါ အဆောင်အဦတွေမှာ နိုဝင်ဘာလ ၂၆ ရက်က မီးလောင်မှုဖြစ်ခဲ့လို့ အနည်းဆုံး လူ ၄၄ ယောက် သေဆုံးခဲ့ပြီး ၁၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါ တယ်။လူနေအိမ်ရာ အဆောက်အအုံကနေ စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး ဒေသစံတော်ချိန် ညနေ ၃ နာရီလောက် ကနေ မိနစ် ၄၀ အတွင်း မီးဟာ အဆင့် ၄ အထိ တိုးမြင့်သွားခဲ့တယ်လို့ သိရပါတယ်။ တာဝါတိုက်တွေက မီးတောက်တွေ မီးခိုးလုံးတွေ ထွက်ပေါ်နေတာကို တွေ့ရပြီး မီးငြှိမ်းသတ်ဖို့ မီးသတ်သမား ၇၀၀ ကျော်ကို ချထားခဲ့ရတယ်လို့ သက်ဆိုင်ရာတာဝန်ရှိသူတွေက ပြောပါတယ်။မီးလောင်တဲ့ အကြောင်းရင်းကို မသိရသေးပေမဲ့ မီးတောက်တွေဟာ ဝါးနဲ့ဆင်ထားတဲ့ ငြမ်းစင်တွေကနေ အဆောက်အအုံ အပြင်ဘက်သို့ လျင်လျင်မြန်မြန် ပျံ့နှံ့သွားခဲ့တာလို့ ယူဆရပါတယ်။ မီးသတ်ဌာန တာဝန်ရှိ သူတွေရဲ့ အတည်ပြုချက်အရ လူကိုးယောက်ဟာ အခင်းဖြစ်နေရာမှာပင် သေဆုံးခဲ့ပြီး နောက်လေးယောက် ကတော့ ဆေးရုံမှာ ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။


news-view-count-icon

15