back

အမေရိကန်စစ်တပ်ကဒေါ်လာ ၄.၇ ဘီလီယံတန်စာချုပ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပိုလန်အတွက် Apache ရဟတ်ယာဉ်များ Boeing ထုတ်လုပ်မည်

Nov 27 • 4:25 AM

breaking-news

မြန်မာ

ပြည်ပ

cover

အမေရိကန်စစ်တပ်ကဒေါ်လာ ၄.၇ ဘီလီယံတန်စာချုပ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပိုလန်အတွက် Apache ရဟတ်ယာဉ်များ Boeing ထုတ်လုပ်မည်

အမေရိကန်စစ်တပ်က ချပေးသော ဒေါ်လာ ၄.၇ ဘီလီယံနီးပါးတန်ဖိုးရှိ နိုင်ငံခြားစစ်ဘက်ဆိုင်ရာ အရောင်းအဝယ်စာချုပ်အရ ပိုလန်လက်နက်ကိုင်တပ်ဖွဲ့များအတွက် Apache ရဟတ်ယာဉ်၉၆ စင်...

အမေရိကန်စစ်တပ်က ချပေးသော ဒေါ်လာ ၄.၇ ဘီလီယံနီးပါးတန်ဖိုးရှိ နိုင်ငံခြားစစ်ဘက်ဆိုင်ရာ အရောင်းအဝယ်စာချုပ်အရ ပိုလန်လက်နက်ကိုင်တပ်ဖွဲ့များအတွက် Apache ရဟတ်ယာဉ်၉၆ စင်းအပါအဝင် နိုင်ငံတကာဖောက်သည်များအတွက် AH-64E Apache တိုက်ခိုက်ရေး ရဟတ်ယာဉ်များကို ထုတ်လုပ်ပေးမည် ဖြစ်ကြောင်း Boeing (BA.N)က ဗုဒ္ဓဟူးနေ့တွင် ပြောခဲ့သည်ဟု ရိုက်တာသတင်းကဖော်ပြခဲ့သည်။ ပို့ဆောင်ပေးမှုများကို ၂၀၂၈ ခုနှစ်တွင် စတင်မည်ဟု ဘိုးအင်းက ပြောသည်။ ပိုလန်၏ မှာယူမှုသည် Apache ရဟတ်ယာဉ်ထုတ်လုပ်မှုသမိုင်းတစ်လျှောက် အမေရိကန်ပြင်ပမှ အရေအတွက်အများဆုံးမှာယူမှုဖြစ်သည်။ လက်ရှိတွင် အမေရိကန်စစ်တပ်မှ ရဟတ်ယာဉ် ၈ စီးကို ငှားရမ်းထားသည့် ပိုလန်အမျိုးသား ကာကွယ်ရေးဝန်ကြီးဌာနသည် ထိုတိုက်ခိုက်ရေးရဟတ်ယာဉ်ပေါ်တွင် လေယာဉ်မှူးများနှင့် ထိန်းသိမ်းရေး ဝန်ထမ်းများကို လေ့ကျင့်ပေးနေပြီဟု Boeing က ပြောကြားခဲ့သည်။ကမ္ဘာတစ်ဝန်းတွင် Apache ရဟတ်ယာဉ် ၁,၃၀၀ ကျော် လက်ရှိအသုံးပြုလျက်ရှိကြောင်း Boeing ၏အဆိုအရ သိရသည်။ပင်တဂွန်က Boeing သည် ဒေါ်လာ ၇ ဘီလီယံကျော်တန်ဖိုးရှိ စာချုပ် ၂ ခုကို ရရှိခဲ့ပြီး ယင်းထဲတွင် ယင်းစာချုပ်တွင် အမေရိကန်ဒေါ်လာ ၄.၇ ဘီလီယံတန်ဖိုးရှိ Apache စာချုပ်နှင့် လေတပ်အတွက် Lot 12 ထုတ်လုပ်ရေးလေယာဉ်ဆိုင်ရာ ဒေါ်လာ ၂.၄ ဘီလီယံ စာချုပ်တို့ ပါဝင်ကြောင်း အင်္ဂါနေ့က ထုတ်ဖော် ပြောဆိုခဲ့သည်။လွန်ခဲ့သော လအနည်းငယ်အတွင်း Boeing သည် သြစတြေးလျတပ်မတော်၊ အိန္ဒိယတပ်မတော်နှင့် မော်ရိုကိုတော်ဝင်လေတပ်တို့အတွက် Apache ရဟတ်ယာဉ်အသစ်များကို ပို့ဆောင်ပေးခဲ့ပြီးဖြစ်သည်။


news-view-count-icon

28