အာဆင်နယ်အသင်းရဲ့ တိုက်စစ်ကစားသမား အက်ဇေးဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဥ် ၁၂ ရဲ့ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရကြောင်း သိရပါတယ်။အက်ဇေးဟာ အာဆင်နယ်က စပါးကို ၄-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဟက်ထရစ်ဂိုးသွင်းယူပြီး ခြေစွမ်းပြခဲ့တာကြောင့် အခုလိုရွေးချယ်ခံခဲ့ရခြင်းဖြစ်ပါတယ်။ပရိသတ်တွေရဲ့မဲပေးမှုမှာ အက်ဇေးက ၆၁ % အထိရရှိခဲ့ပြီး ဒုတိယမဲအများဆုံးရရှိခဲ့သူက နော်တင်ဟမ်ဖောရက်စ်နောက်ခံလူ မူရီလို (၁၁%) ဖြစ်ပါတယ်။
အက်ဇေးဟာ ပရီးမီးယားလိဂ်ရဲ့ ပွဲစဥ်အလိုက်အကောင်းဆုံးကစားသမားဆုကို အာဆင်နယ်ကစားသမားတွေထဲမှာ ပထမဆုံးရရှိသူအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ဒီဆုကို ပရီးမီးယားလိဂ်ရဲ့ Big Six အသင်းတွေက ကစားသမားတွေသာ ရရှိထားကြောင်း သိရပါတယ်။


