ကချင်ပြည်နယ်တွင် ဒေသတွင်းမတည်မငြိမ်မှုအခြေအနေတွေကြောင့် ပူတာအိုဒေသထွက် ဂရိတ်ဖုသီးတွေစျေးကွက်မှာအရှုံးပေါ်နေတယ်လို့ ဒေသခံတွေပြောပါတယ်။ပူတာအိုဒေသရဲ့ အဓိက ဒေသတွင်းစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ ဂရိတ်ဖုသီးစိုက်ပျိုးရေးလုပ်ငန်းဟာ ယခင်နှစ်များက ဒေသရဲ့အားကောင်းတဲ့စီးပွားရေးလုပ်ငန်း တစ်ခုဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့န ယ်မြေမတည်ငြိမ်မှုတွေကြောင့် အသီးစျေးကွက်ဟာ နှစ်တိုင်းအရှုံးပေါ်နေကြောင်း ဂရိတ်ဖုသီးခြံလုပ်ငန်းလုပ်ကိုင်တဲ့အမျိုးသားတစ်ဦးက အခုလိုပြောပါတယ်။"ခါတ်ိုင်းဒီချိန်ဆိုရင်အသီးတွေတအားရောင်းကောင်းတယ် တစ်လုံးကို တစ်ထောင်အလုံးကြီးရင် ၁,၅၀၀ လောက်ရောင်းလို့ရတယ် ဝယ်တဲ့လူများတယ်။ အခုကဝယ်တဲ့လူမရှိဘူးခရီးသွားတွေလည်းမလာကြတော့ တစ်ထောင်ဖိုး သုံးလုံးရောင်းတာတောင်ဝယ်တဲ့လူမရှိဘူး”လို့ အသက် ၅၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသားကပြောပါတယ်။



