back

ထိုင်းနိုင်ငံမှာ ဆိုးဆိုးရွားရွားရေကြီးမယ်လို့ ကြိုတင်အသိပေးထားတဲ့ သတင်းကို သတင်းအမှားလို့ ပြောခဲ့တဲ့ ထိုင်းမိုးလေဝသဌာနကို ပြည်သူတွေ ဝေဖန်နေကြ

Nov 27 • 2:11 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံမှာ ဆိုးဆိုးရွားရွားရေကြီးမယ်လို့ ကြိုတင်အသိပေးထားတဲ့ သတင်းကို သတင်းအမှားလို့ ပြောခဲ့တဲ့ ထိုင်းမိုးလေဝသဌာနကို ပြည်သူတွေ ဝေဖန်နေကြ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရေကြီးမှုအခြေအနေနဲ့ ပတ်သက်ပြီး ပုဂ္ဂလိက မိုးလေဝသ Facebook page တစ်ခုရဲ့ ကြိုတင်သတိပေးချက်ကို "သတင်းတု" လို့ စွပ်စွဲခဲ့တဲ့ ထိုင်း မိ...

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရေကြီးမှုအခြေအနေနဲ့ ပတ်သက်ပြီး ပုဂ္ဂလိက မိုးလေဝသ Facebook page တစ်ခုရဲ့ ကြိုတင်သတိပေးချက်ကို "သတင်းတု" လို့ စွပ်စွဲခဲ့တဲ့ ထိုင်း မိုးလေဝသဌာန (TMD) ဟာ အခုအခါမှာ ပြည်သူတွေရဲ့ ပြင်းပြင်းထန်ထန် ဝေဖန်မှုကို ခံနေရပါတယ်။ အမည်မဖော်လိုတဲ့ မိုးလေဝသပညာရှင်တစ်ဦး ဦးစီးတဲ့ အဲဒီ Page က ရေကြီးမယ့်အကြောင်း ကြိုတင်သတိပေးခဲ့ပေမယ့် အစိုးရက သတင်းတုလို့ သတ်မှတ်ခဲ့ပြီးနောက် တကယ်တမ်း ရေကြီးမှုတွေ ဖြစ်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။နှစ်တစ်ထောင်မှ တစ်ခါကြုံရတဲ့ မိုး" လို့ သုံးနှုန်းခဲ့ပေမယ့် အစိုးရရဲ့ သတင်းတု တိုက်ဖျက်ရေးစင်တာက သတင်းတုလို့ တံဆိပ်ကပ်ပြီးနောက် အဲဒီစာသားကို ဖြုတ်ပေးခဲ့ရပါတယ်။တာဝန်ရှိသူတွေက စိုးရိမ်စရာမရှိကြောင်း ပြောဆိုခဲ့တာကြောင့် ဒေသခံအများစုဟာ ရေဘေးအတွက် ကြိုတင်ပြင်ဆင်မှု မလုပ်ခဲ့ကြပါဘူး။ ဒါပေမယ့် နိုဝင်ဘာ ၂၄ ရက်နေ့မှာတော့ Hat Yai ခရိုင်အပါအဝင် တောင်ပိုင်းဒေသတွေမှာ ရေကြီးမှု ဆိုးရွားစွာ ဖြစ်ပေါ်ခဲ့ပြီး လူထောင်ပေါင်းများစွာ ပိတ်မိနေခဲ့ပါတယ်။ ရေဘေးသင့်ပြီးနောက်မှာတော့ လူမှုကွန်ရက်သုံးစွဲသူတွေက အဲဒီ Facebook Page ရဲ့ ပို့စ်ကို ပြန်လည်ကြည့်ရှုခဲ့ကြပြီး ဘာကြောင့် အစိုးရက သတင်းအမှားလို့ ပြောခဲ့တာလဲဆိုတာကို မေးခွန်းထုတ်ခဲ့ကြပါတယ်။

news-view-count-icon

25