back

ဘန်ကောက်နဲ့ ခရိုင် ၁၆ ခုမှာ လေထုညစ်ညမ်းမှုဟာ ကျန်းမာရေးကို ထိခိုက်တဲ့အဆင့်ရောက်နေ

Nov 27 • 2:10 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ဘန်ကောက်နဲ့ ခရိုင် ၁၆ ခုမှာ လေထုညစ်ညမ်းမှုဟာ ကျန်းမာရေးကို ထိခိုက်တဲ့အဆင့်ရောက်နေ

ဘန်ကောက် အပါအဝင် အလယ်ပိုင်းလွင်ပြင်ဒေသနဲ့ အရှေ့မြောက်ပိုင်းဒေသက ခရိုင် ၁၆ ခုမှာ ဒီနေ့ နိုဝင်ဘာလ ၂၆ ရက်နေ့မှာ PM2.5 လေထုညစ်ညမ်းမှုဟာ ကျန်းမာရေးကို ထိခိုက်တဲ့အဆင့...

ဘန်ကောက် အပါအဝင် အလယ်ပိုင်းလွင်ပြင်ဒေသနဲ့ အရှေ့မြောက်ပိုင်းဒေသက ခရိုင် ၁၆ ခုမှာ ဒီနေ့ နိုဝင်ဘာလ ၂၆ ရက်နေ့မှာ PM2.5 လေထုညစ်ညမ်းမှုဟာ ကျန်းမာရေးကို ထိခိုက်တဲ့အဆင့်ရောက်နေတယ်လို့ Geo-Informatics and Space Technology Development Agency (Gistda) က ထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း လေထုတစ်ကုဗမီတာမှာ အချင်း ၂.၅ မိုက်ခရိုမီတာနဲ့ အဲဒီထက်ငယ်တဲ့ ဖုန်မှုန့် (PM2.5) ပမာဏဟာ ၃၈.၃ ကနေ ၄၇.၂ မိုက်ခရိုဂရမ်အကြား ရှိနေတယ်လို့ ဒီနေ့ နေ့လယ် ၁ နာရီမှာ Gistda က ပြောပါတယ်။ အစိုးရ သတ်မှတ်ထားတဲ့ ဘေးကင်းတဲ့ ပမာဏကတော့ ၃၇.၅ ဖြစ်ပါတယ်။ နိုဝင်ဘာလ ၂၆ နဲ့ ၂၇ ရက်နေ့တွေမှာ လေဝင်လေထွက် အခြေအနေက နေရာဒေသအလိုက် ဆိုးရွားတဲ့အဆင့်ကနေ ကောင်းမွန်တဲ့အဆင့်အထိ ရှိနိုင်ပေမယ့် နိုဝင်ဘာလ ၂၈ ရက်နေ့ကစပြီး နောက်တစ်ပတ် ဒီဇင်ဘာလ ၄ ရက်နေ့အထိ လေဝင်လေထွက် ဆိုးရွားမယ်လို့ မိုးလေဝသဌာန က ပြောထားပါတယ်။

news-view-count-icon

23