ထိုင်းဆီးဂိမ်းစ်ဘောလုံးပြိုင်ပွဲမှ ကမ္ဘောဒီးယား ဘောလုံးအသင်းနှုတ်ထွက်သွား သဖြင့် အုပ်စု ပြည်လည်ခွဲဝေခြင်း ရှိ/မရှိကို ဘောလုံးရပ်ဝန်းမှ စောင့်ကြည့်နေပြီးတစ်အုပ်စုတွင် သုံးသင်းစီ ဖြစ်လာနိုင်ကြောင်း သုံးသပ်မှုများ ရှိနေသည်။
အစောပိုင်းက အုပ်စု (က) တွင် ထိုင်း🇹🇭၊ ကမ္ဘောဒီးယား 🇰🇭📤(နှုတ်ထွက်)၊ တီမော🇹🇱
အုပ်စု (ခ) တွင် ဗီယက်နမ်🇻🇳၊ မလေးရှား🇲🇾၊ လာအို🇱🇦အုပ်စု (ဂ) တွင် အင်ဒိုနီးရှား🇮🇩၊ မြန်မာ🇲🇲၊ ဖိလစ်ပိုင်🇵🇭၊ စင်ကာပူ🇸🇬 အသင်း စသဖြင့် အုပ်စု ခွဲဝေထားပြီးလက်ရှိအချိန်တွင် အုပ်စု (က) တွင် ကမ္ဘောဒီးယား နှုတ်ထွက်သွားသဖြင့် ထိုင်းနှင့် တီမော တို့သာ ကျန်ရှိနေတော့သည်။အကယ်၍ အုပ်စု များကို သုံးသင်းစီ ပြန်လည်ခွဲဝေမည် ဆိုပါက မြန်မာ ယူ ၂၂ အသင်းအနေဖြင့် ပြိုင်ဘက် နှစ်သင်းဖြင့် သာ ယှဉ်ပြိုင်ရမည် ဖြစ်သည်။သို့မဟုတ်ပါက တစ်အုပ်စုတွင် ငါးသင်း၊ နောက်တစ်အုပ်စုတွင် လေးသင်း ပါဝင်ကာ အုပ်စုထိပ်ဆုံးမှ နှစ်သင်းစီ ဆီမီးဖိုင်နယ်တက်သည့် စနစ်ကိုလည်း ပြန်လည် အသုံးပြုနိုင်သည်ဟု ခန့်မှန်းရသည်။



