ဒီဇင်ဘာလအတွင်း ကျင်းပတော့မည့် အထွေထွေရွေးကောက်ပွဲတွင် မဲပေးနိုင်ရန်အတွက် ဒုတိယအကြိမ် ကြေညာထားသည့် မဲစာရင်းများကို သွားရောက်ကြည့်ရှူကြရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေး တိုက်တွန်းထားသည်။ဒုတိယအကြိမ် မဲစာရင်းများကို နို၀င်ဘာ (၂၁) ရက်မှစတင်ကာ ဒီဇင်ဘာလ (၄) ရက်အထိ ရပ်ကွက်၊ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားခြင်းဖြစ်သည်။မဲစာရင်းများ သွားရောက်ကြည့်ရှုကာ မိမိ၏ အမည်မပါရှိပါက ပုံစံ(၃)ဖြင့် တောင်းဆိုရမည်ဖြစ်သည်ဟုလည်း UEC က ဆိုသည်။ယင်းနည်းတူ အမည်နှင့် အချက်အလက်များကို ကန့်ကွက်ရန်ရှိပါက ပုံစံ(၄) ဖြင့် ကန့်ကွက်ရမည်ဖြစ်ကာ အချက်အလက်များ ပြင်ဆင်ရန်ရှိပါက ပုံစံ(၄-ဂ)ဖြင့် လျှောက်ထားရမည်ဖြစ်သည်ဟုလည်း ဆိုသည်။ယင်းပုံစံများကို သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့ရယူကာ လျှောက်ထားရမည်ဖြစ်ကြောင်းလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေးထားသည်။
Nov 26 • 5:23 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 47 | 0 | 0 | 0 |


