back

ဆေးဝါးတင်သွင်းခွင့် ပုံမှန်ပြုပေးသော်လည်း ဈေးကွက်၌ ဆေးဝါးများ လုံလောက်မှုမရှိခြင်းမှာ ကုမ္ပဏီများ ဈေးကစားခြင်းကြောင့်ဟုဆို

Nov 25 • 4:02 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ဆေးဝါးတင်သွင်းခွင့် ပုံမှန်ပြုပေးသော်လည်း ဈေးကွက်၌ ဆေးဝါးများ လုံလောက်မှုမရှိခြင်းမှာ ကုမ္ပဏီများ ဈေးကစားခြင်းကြောင့်ဟုဆို

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေက ဆေးဝါးတင်သွင်းခွင့် လိုင်စင်များကို ပုံမှန်ခွင့်ပြုပေးနေသည့်တိုင် ဈေးကွက်အတွင်း၌ ဆေး...

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေက ဆေးဝါးတင်သွင်းခွင့် လိုင်စင်များကို ပုံမှန်ခွင့်ပြုပေးနေသည့်တိုင် ဈေးကွက်အတွင်း၌ ဆေးဝါးများ ဈေးနှုန်းမကျဘဲ လိုအပ်ချက်များ ဆက်လက်ရှိနေရခြင်းမှာ ကုမ္ပဏီအချို့က သွင်းကုန်ပစ္စည်းကို ထိန်းချုပ်၍ ဈေးနှုန်းကစားလိုမှုနှင့် ရောက်ရှိပစ္စည်းများကို ဈေးကွက်အတွင်း ထိန်းကျောင်းဖြန့်ဖြူးမှုတို့ကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဝန်ကြီးက ဈေးကွက်ကို လွှမ်းမိုးထားသည့် ကုမ္ပဏီကြီးများအနေဖြင့် ယင်းအခြေအနေကို အသာစီးရယူပြီး ဆေးပစ္စည်းများ သိုလှောင်ထိန်းသိမ်းကာ ဈေးကွက်မကစားကြရန်နှင့် ဈေးနှုန်းမထိန်းချုပ်ကြရန် သတိပေးတိုက်တွန်းခဲ့သည်။ လက်ရှိတွင် ဆေးဝါးကုမ္ပဏီ ၇၉၆ ခုနှင့် ဆေးပစ္စည်းကုမ္ပဏီ ၆၄၆ ခုရှိကြောင်းနှင့် ပြည်တွင်း၌ ဆေးအမျိုးအစား ပိုမိုစုံလင်စွာ ထုတ်လုပ်နိုင်ပါက နိုင်ငံခြားငွေ သုံးစွဲမှု လျော့ကျကာ အလုပ်အကိုင် အခွင့်အလမ်းများ တိုးလာမည်ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

news-view-count-icon

30