ဗီယက်နမ်နိုင်ငံတွင် ရက်ပေါင်း များစွာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများ ဖြစ်ပွားပြီးနောက် သေဆုံးသူ ၉ဝ ကျော်ရှိလာကာ နောက်ထပ် ၁၂ ဦး ပျောက်ဆုံးနေကြောင်း တာဝန်ရှိသူ များက နိုဝင်ဘာ ၂၂ ရက်တွင်ပြော သည်။နိုင်ငံတစ်ဝန်းတွင် အိမ်ခြေ ၁၈၆၀၀၀ ပျက်စီးခဲ့ပြီး မွေးမြူရေး တိရစ္ဆာန်သုံးသန်းကျော် ရေထဲမျောပါ သွားခဲ့ကြောင်း ဗီယက်နမ်အစိုးရက ပြောသည်။ ဒေါ်လာသန်းရာပေါင်း များစွာ ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့ ကြောင်း တာဝန်ရှိသူများက ခန့်မှန်း ထားသည်။ အေအက်ဖ်ပီသတင်း ဌာန၏ အဆိုအရ တောင်တန်းဒေသ များဖြစ်သည့် ဝက်လက်ခ်ပြည်နယ် သည် နိုဝင်ဘာ ၁၆ ရက်မှစ၍သေဆုံး သူ ၆၀ ကျော်ရှိခဲ့ပြီး အဆိုးရွားဆုံး ထိခိုက်ခဲ့သည်။မုန်တိုင်း ကယ်လ် မေဂီနှင့် ဘူအလှိုင်တို့သည် ရက် သတ္တပတ်အနည်းငယ်အတွင်း ဆက်တိုက်ဝင်ရောက်တိုက်ခတ်ပြီးနောက် လက်ရှိရေကြီးရေလျှံမှုသည် ဆိုးရွားသော သဘာဝဘေးတစ်ခုလည်း ဖြစ် သည်။ နိုဝင်ဘာ ၂၂ ရက်တွင် လူပေါင်း ၂၅၈ဝဝဝ ခန့် လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့ပြီး အဓိက အဝေး ပြေးလမ်းမကြီးများနှင့် ရထားလမ်း များ ပိတ်ဆို့ခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။ အဆိုးရွားဆုံး ထိခိုက်ခံရသော ဒေသများတွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့က ကူညီကယ် ဆယ်ရေးများ လုပ်ဆောင်နေသည်။ ဗီယက်နမ် တောင်ပိုင်းနှင့် အလယ်ပိုင်းရှိပြည်နယ်ငါးခုဖြစ်သည့် ကွမ်ပိုင်း၊ ဂျာလိုင်၊ ဖက်လက်ခ်၊ ခန်းဟွာနှင့်လမ်ဒုံတို့တွင်ရေကြီးရေလျှံ မှု အဆိုးရွားဆုံး ဖြစ်ပွားခဲ့သည်ဟု တာဝန်ရှိသူများက ပြောသည်။



