အင်တာမိုင်ယာမီအသင်းခေါင်းဆောင် မက်ဆီက မေဂျာလိဂ် playoffs Eastern Conference ဆီမီးဖိုင်နယ်ပွဲစဉ်ဖြစ်တဲ့ FC Cincinnati ကို ၄-၀ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ သမိုင်းမှတ်တိုင်သစ်တစ်ခု စိုက်ထူခဲ့ပါတယ်။မက်ဆီဟာ အခုပွဲမှာ တစ်ဂိုးသွင်းပြီး အသင်းဖော်တွေအတွက် သုံးဂိုးစလုံး ဖန်တီးပေးခဲ့တာလည်းဖြစ်ပါတယ်။၎င်းဟာ ကစားသမားဘ၀ သွင်းဂိုးနဲ့ ဖန်တီးမှုနှစ်ရပ်ပေါင်း ဂိုး ၁၃၀၀ ပြည့်မြောက်တဲ့ ပထမဆုံးကစားသမားလည်း ဖြစ်လာခဲ့တယ်။မက်ဆီအနေနဲ့ သွင်းဂိုးစုစုပေါင်း ၈၉၆ ဂိုးနဲ့ ဂိုးဖန်တီးမှု ၄၀၄ ဂိုးအထိ ရှိလာတာဖြစ်တယ်။
မက်ဆီဟာ ဘာစီလိုနာအတွက် သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုနှစ်ရပ်ပေါင်း ၉၄၁ ဂိုး (၆၇၂ ဂိုးသွင်း၊ ၂၆၉ ဂိုးဖန်တီး)၊ PSGအတွက် ၆၆ ဂိုး (၃၂ ဂိုးသွင်း၊ ၃၄ ဂိုးဖန်တီး)၊ အင်တာမိုင်ယာမီအတွက် ၁၁၇ ဂိုး (၇၈ ဂိုးသွင်း၊ ၃၉ ဂိုးဖန်တီး)၊ အာဂျင်တီးနားအတွက် ၁၇၆ ဂိုး (၁၁၄ ဂိုးသွင်း၊ ၆၂ ဂိုးဖန်တီး) ရှိခဲ့ပါတယ်။မက်ဆီရဲ့အဓိကပြိုင်ဘက်ဖြစ်တဲ့ ခရစ္စတီယာနိုရော်နယ်လ်ဒိုကတော့ ၉၅၄ ဂိုးသွင်း၊ ၂၁၉ ဂိုးဖန်တီးနဲ့ စုစုပေါင်း ၁,၂၁၃ ဂိုးသာ ရှိပါသေးတယ်။



