တောင်ကိုရီးယား အနုပညာသမိုင်းမှာ လူချစ်ခင်မှုအများဆုံး ရရှိထားသူတစ်ဦးကတော့ ဘဘ Lee Soon Jae ပါပဲ။သူ့ကို တောင်ကိုရီးယား တနိုင်ငံလုံးကသူတွေက ဘယ်လောက်တောင်ချစ်ခင်ကြသလဲဆိုရင် ဘဘပါဝင်တဲ့ ဇာတ်ဝင်ခန်းအရ လူဆို:ခန်း ဖြစ်နေရင်တောင် လက်.မ.ခံ.ကြပဲ ကုမ္ပဏီကို စာ.ပို့.ပြီး ဘဘကို ချစ်စရာကောင်းတဲ့ နေရာမျိုးမှာပဲ သရုပ်ဆောင်အဖြစ်ထားဖို့ အကြံပြုခံရသူတစ်ဦးလည်းဖြစ်ပါတယ်။ဘဘကို High Kick ဟာသရုပ်သံစီးရီးတွေကနေ အစပြုပြီး ချစ်ခင်ခဲ့ကြတာဖြစ်သလို သူပါဝင်သမျှ ဇာတ်ဝင်ခန်းတိုင်းကလည်း အောင်မြင်ခဲ့တဲ့အတွက် တောင်ကိုရီးယား ရဲ့ အနုပညာဖခင်ကြီးလို့ တင်စားခေါ်ဝေါ်ကြတဲ့အထိ အောင်မြင်ခဲ့သူလည်း ဖြစ်ပါတယ်။KB
S နဲ့ စာချုပ်ချုပ်ပြီး အနုပညာလှုပ်ရှားမှုများစွာ လုပ်ဆောင်ခဲ့သူဖြစ်ပေမယ့် ဇာတ်ပို့တွေရဲ့ထုံးစံအတိုင်း ထိုက်သင့်တဲ့အကျိုးအမြတ်ကိုတော့ သိသိသာသာမရဘူးလို့ အသံတွေထွ.က်ခဲ့တာလည်း တွေ့ရတာပါ. ဘဘ Lee Soon Jae မဆုံ:ပါ:ခင်က KBS က ဘဘ ကို အနုပညာသက်တမ်းအရှည်ဆုံး Grand prize ဆုကြီးကို ချီးမြှင့်ခဲ့ပါသေးတယ်။ဘဘအမြဲပြောလေ့ရှိတာကတော့ အနုပညာသရုပ်ဆောင်မှုဆိုတာ နာမည်ကြီးဖို့လုပ်ဆောင်ရတာမဟုတ်ပဲ ကိုယ့်ရဲ့လုပ်ဆောင်မှုအပေါ်မှာ ကြည့်ရှုအားပေးသူတွေရဲ့ အကဲဖြတ်မှု အားပေးမှုကသာ အစစ်အမှန်ဘဲဟုဆိုသူဖြစ်ပါတယ်။သူ့ရဲ့ ၉၁နှစ်ဆိုတဲ့ သက်တမ်းအတွင်း အနုပညာလှုပ်ရှားမှုတွေကို အနှစ် ၇၀ နီးပါး လုပ်ဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။မနှစ်က အောက်တိုဘာလလောက်ကနေစပြီး ကျန်းမာရေး သိပ်မကောင်းတော့လို့ အနုပညာလှုပ်ရှားမှုတွေ မရှိသလောက်လျော့နည်းသွားခဲ့ပြီး အခြားအနုပညာရှင်တွေကလည်း သူ့ရဲ့ ကျန်းမာရေး အခြေအနေကို စိတ်ပူခဲ့ကြတာလည်းဖြစ်ပါတယ်။ဘဘရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ ဇာတ်ကားကတော့ 'Dog Knows Everything' ဆိုတဲ့ ချစ်စရာအာဝုလေးနဲ့ ဇာတ်လမ်းဖြစ်ပြီး ဒီဇာတ်လမ်းအပြီး ဘဘ နေသိပ်မကောင်းတော့ပါဘူး။ဘဘ Lee Soon Jae ကို ၁၉၃၄ ခုနှစ် နိုဝင်ဘာလ ၁၆ရက်မှာ မွေးဖွားခဲ့တာဖြစ်ပြီး သားတစ်ဦးရှိပါတယ်တဲ့. အခုတော့ သူချစ်တဲ့ အနုပညာလောကကို စွန့်ခွာပြီး ဘဘ Lee Soon Jae တစ်ယောက် အေးချမ်းသွားပြီပဲ ဖြစ်ပါတယ်။
ဒီနေ့ နိုဝင်ဘာလ ၂၅ရက် မနက်အစောမှာ အသက် ၉၁နှစ်အရွယ် ဘဘ Lee Soon Jae တစ်ယောက် ဆုံ:ပါးသွားပြီဖြစ်ကြောင်း အေဂျင်စီနဲ့ မိသားစုက အတည်ပြုပြောကြားခဲ့ကြပြီး အနုပညာရှင်အတော်များများကလည်း ဘဘအတွက် ဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်း ရေးသားဖော်ပြခဲ့ကြပါတယ်။



