back

မန္တလေးနှင့် စစ်ကိုင်းတိုင်းမှ ငလျင်ဒဏ်သင့် SMEs များအတွက် UNDP က ကျပ်သိန်း ၁၀၀ အထိ ထောက်ပံ့မည်

Nov 25 • 1:28 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးနှင့် စစ်ကိုင်းတိုင်းမှ ငလျင်ဒဏ်သင့် SMEs များအတွက် UNDP က ကျပ်သိန်း ၁၀၀ အထိ ထောက်ပံ့မည်

ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP Myanmar) သည် မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ငလျင်ဒဏ် ထိခိုက်ခံစားခဲ့ရသည့် အငယ်စားနှင့် အလတ်စားလုပ်ငန်းများ (S...

ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP Myanmar) သည် မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ငလျင်ဒဏ် ထိခိုက်ခံစားခဲ့ရသည့် အငယ်စားနှင့် အလတ်စားလုပ်ငန်းများ (SMEs) (၂၀၀) ခု အတွက် ကျပ်သိန်း ၄၀ မှ သိန်း ၁၀၀ အထိ ငွေကြေးအထောက်အပံ့များ ပေးအပ်မည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ခဲ့သည်။ ဤထောက်ပံ့မှုကို တရားဝင်မှတ်ပုံတင်ထားသော လုပ်ငန်းများ သာမက လုပ်ငန်းသက်တမ်း ၁ နှစ်အောက် သက်တမ်းနုလုပ်ငန်းများပါ လျှောက်ထားနိုင်မည်ဖြစ်သည်။ အထူးဦးစားပေးအနေဖြင့် အမျိုးသမီးများ ဦးဆောင်ပိုင်ဆိုင်သည့် လုပ်ငန်းများ၏ အနည်းဆုံး ၆၀ ရာခိုင်နှုန်းကို ရွေးချယ်သွားမည်ဖြစ်သည်။ လျှောက်လွှာများကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ (၅) ရက် တွင် နောက်ဆုံးထား၍ ပေးပို့လျှောက်ထားနိုင်ကြောင်း သိရသည်။

news-view-count-icon

36