ဧရာဝတီတိုင်းဒေသကြီးအစိုးရသည် ပြည်တွင်းစပါးစိုက်တောင်သူများ ထိုက်သင့်သည့် အကျိုးအမြတ်ရရှိစေရေးနှင့် စိုက်ပျိုးရေးထုတ်ကုန်များ တိုးမြှင့်ရေးအတွက် Export Zone ဧက (၁) သိန်း အကောင်အထည်ဖော်ဆောင်နိုင်ရန် ဆောင်ရွက်နေကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ဆန်စက်လုပ်ငန်းရှင်များနှင့် ဘဏ်များပူးပေါင်းဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။ ဤ Export Zone အတွင်းတွင် လာရောက်ရင်းနှီးမြှုပ်နှံလိုသူများနှင့် Contract Farming (စာချုပ်ဖြင့် စိုက်ပျိုးခြင်း) စနစ် ဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများကို ခရိုင်အလိုက် လျာထားမှုများ ပြုလုပ်ထားသည်။ ဝန်ကြီးချုပ်က Export Zone တွင် ပါဝင်သူများသည် မျိုး၊ မြေ၊ ရေ၊ နည်းလမ်းလေးသွယ် ကို အခြေခံ၍ စနစ်တကျ အရည်အသွေးရှိသော ဆန်စပါးများ ထုတ်လုပ်ရန် လိုအပ်ကြောင်းနှင့် သဘာဝပတ်ဝန်းကျင် မထိခိုက်စေရန်လည်း စည်းကမ်းများနှင့်အညီ ဆောင်ရွက်ရန် တိုက်တွန်းပြောကြားခဲ့သည်။
Nov 25 • 1:27 AM
မြန်မာ
ဧရာ၀တီ
မျှဝေမည်
| 22 | 0 | 0 | 0 |


