ယနေ့ နိုဝင်ဘာ (၂၄) ရက်၌ အုပ်စု ဒုတိယပွဲစဉ်အဖြင့် မြန်မာ-နီပေါ ယူ-၁၇အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာအသင်းက နီပေါအသင်းကို (၄) ဂိုးပြတ်ဖြင့် ထပ်မံအနိုင်ရရှိခဲ့ပြီဖြစ်သည်။ထို့ကြောင့် မြန်မာအသင်းအနေဖြင့် အုပ်စုတွင်း ထိပ်ဆုံးနေရာတွင် ရပ်တည်လာနိုင်ကာ နီပေါအသင်းအနေဖြင့် အုပ်စုတွင်းမှ ထွက်ခွာရပြီဖြစ်ပြီး၊ အာရှဖလားပြိုင်ပွဲဝင်ခွင့်အိပ်မက် ဝေးကွာသွားပြီဖြစ်သည်။မြန်မာယူ-၁၇အမျိုးသမီးအသင်းသည် အာရှဖလားဝင်ရောက်ခွင့် ခြေစစ်ပွဲအောင်မြင်ထားပြီး အမျိုးသားအသင်းအနေဖြင့် အာရှဖလားဝင်ရောက်ခွင့် ခြေစစ်ပွဲအောင်မြင်မည်လားဆိုသည်မှာ ဆက်လက်စောင့်ကြည့်ရမည့်အခြေအနေဖြစ်သည်။



