ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့အနီးတွင် အမျိုးသားတစ်ဦးသည် လမ်းဘေး ရေတွင်းတွင် ခြေထောက်ဆေးကြောရာမှ မြေမြှုပ်မိုင်းထိမှန်ခဲ့ကြောင်း သိရသည်။မိုင်းထိမှန်သူမှာ သက်ကယ်ကုန်းကျေးရွာမှ ကိုဇင်မင်းဝေ ဆိုသူဖြစ်ပြီး လွန်ခဲ့သည့် တစ်ပတ်ခန့်က ဇရပ်ကြီးမြို့သို့ ဈေးဝယ်ထွက်စဉ် ဇရပ်ကြီးမြို့ မရောက်မီ ရွာအထွက် လမ်းဘေးရှိ ရေတွင်းတွင် ခြေထောက်ရေဝင်ဆေးရာမှ မိုင်းပေါက်ကွဲမှုနှင့် ကြုံတွေ့ခဲ့ခြင်းဖြစ်သည်။
ကိုဇင်မင်းဝေသည် မိုင်းထိဒဏ်ရာကြောင့် ညာဘက်ခြေတစ်ဖက် ဆုံးရှုံးခဲ့ရပြီး ဇရပ်ကြီးဆေးရုံမှ တစ်ဆင့် တောင်ငူဆေးရုံသို့ ရောက်ရှိကာ ဆေးကုသမှု ဆက်လက် ခံယူနေဆဲ ဖြစ်သည်။



