back

မြန်မာနိုင်ငံတွင် စက်မှု၊စိုက်ပျိုး၊မွေးမြူရေး အထက်တန်းကျောင်း (၈၉) ကျောင်းနှင့် စိုက်ပျိုးရေးနှင့်မွေးမြူရေး သိပ္ပံ (၉) ကျောင်း တိုးချဲ့ဖွင့်လှစ်

Nov 24 • 2:10 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာနိုင်ငံတွင် စက်မှု၊စိုက်ပျိုး၊မွေးမြူရေး အထက်တန်းကျောင်း (၈၉) ကျောင်းနှင့် စိုက်ပျိုးရေးနှင့်မွေးမြူရေး သိပ္ပံ (၉) ကျောင်း တိုးချဲ့ဖွင့်လှစ်

စိုက်ပျိုးရေးနှင့်မွေးမြူရေးပညာရှင်များ ပိုမိုမွေးထုတ်ပေးရန် ရည်ရွယ်၍ ၂၀၂၁ ခုနှစ်မှစတင်ကာ အခြေခံပညာနှင့် စက်မှု၊စိုက်ပျိုး၊မွေးမြူရေး အထက်တန်းကျောင်း (၈၉) ကျောင...

စိုက်ပျိုးရေးနှင့်မွေးမြူရေးပညာရှင်များ ပိုမိုမွေးထုတ်ပေးရန် ရည်ရွယ်၍ ၂၀၂၁ ခုနှစ်မှစတင်ကာ အခြေခံပညာနှင့် စက်မှု၊စိုက်ပျိုး၊မွေးမြူရေး အထက်တန်းကျောင်း (၈၉) ကျောင်းနှင့် ရှိရင်း စိုက်ပျိုးရေးသိပ္ပံ (၁၅) ကျောင်းမှ မွေးမြူရေးဘာသာရပ်ပါ သင်ကြားပေးနိုင်သည့် စိုက်ပျိုးရေးနှင့်မွေးမြူရေး သိပ္ပံအဖြစ် ကျောင်း (၉) ကျောင်း တို့ကို တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ကြောင်း မအူပင် စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ် ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။ ထို့ပြင် ငါးလုပ်ငန်းသိပ္ပံ (တွံတေး) နှင့် တိရစ္ဆာန်ဆေးကုသရေးသိပ္ပံတို့ကိုလည်း တစ်ကျောင်းစီ တိုးချဲ့ဖွင့်လှစ်ပေးခဲ့ရာ ယခုလို တိုးချဲ့မှုများကြောင့် စုစုပေါင်း အခြေခံလူစွမ်းအားအရင်းအမြစ် ၈,၃၅၂ ဦး ကို မွေးထုတ်ပေးနိုင်မည်ဖြစ်သည်။ ယခုဖွင့်လှစ်လိုက်သည့် မအူပင်တက္ကသိုလ်မှလည်း နှစ်စဉ် စိုက်ပျိုးမွေးမြူရေးပညာရှင် ၃၀၀ ဦးစီ မွေးထုတ်ပေးနိုင်မည်ဟု သိရသည်။

news-view-count-icon

77