back

မက်ဆီရဲ့ သွင်းဂိုး၊ ဂိုးဖန်တီးမှတွေနဲ့ အင်တာ မိုင်ယာမီအသင်းအရှေ့ပိုင်းဇုန် ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့

Nov 24 • 2:10 AM

breaking-news

မြန်မာ

ပြည်ပ

cover

မက်ဆီရဲ့ သွင်းဂိုး၊ ဂိုးဖန်တီးမှတွေနဲ့ အင်တာ မိုင်ယာမီအသင်းအရှေ့ပိုင်းဇုန် ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့

မေဂျာလိဂ်ပြိုင်ပွဲ အရှေ့ပိုင်းဇုန် ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အင်တာမိုင်ယာမီအသင်းက အသင်းခေါင်းဆောင် မက်ဆီရဲ့ သွင်းဂိုး၊ ဂိုးဖန်တီးမှုတွေနဲ့ ဗိုလ်လုပွဲ တက်ရောက်ခဲ့ပါ...

မေဂျာလိဂ်ပြိုင်ပွဲ အရှေ့ပိုင်းဇုန် ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အင်တာမိုင်ယာမီအသင်းက အသင်းခေါင်းဆောင် မက်ဆီရဲ့ သွင်းဂိုး၊ ဂိုးဖန်တီးမှုတွေနဲ့ ဗိုလ်လုပွဲ တက်ရောက်ခဲ့ပါတယ်။အင်တာမိုင်ယာမီအသင်းက FC စင်စင်နာတီအသင်းကို ၄-၀ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့တာပါ။မက်ဆီက ၁၉ မိနစ်မှာ ကိုယ်တိုင်အဖွင့်ဂိုးသွင်းပြီး အခြားဂိုးသုံးဂိုးစလုံးကိုလည်း ဖန်တီးပေးခဲ့ပါတယ်။အင်တာမိုင်ယာမီရဲ့အခြားဂိုးတွေကိုတော့ ဆယ်ဗက်တီ၊ အယ်လန်ဒယ်(၂ ဂိုး)တို့က သွင်းယူပေးခဲ့ပါတယ်။အင်တာမိုင်ယာမီအသင်းဟာ မေဂျာလိဂ်သမိုင်းမှာ အရှေ့ပိုင်းဇုန် ဗိုလ်လုပွဲအဆင့်ကို ပထမဆုံးအကြိမ် တက်လှမ်းနိုင်ခဲ့ပါတယ်။ဗိုလ်လုပွဲကို နိုဝင်ဘာလ ၂၉ ရက် သို့မဟုတ် ၃၀ ရက်မှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။

news-view-count-icon

38